*ကိုကြီးရင်ခွင်၊ ဆိုးမဝချင်*
Part-1ကုဋေဝန်းအိမ်တော်။
တောင်ကုန်းမြင့်မြင့်တစ်ခုအပေါ်မှာ အသေအချာ တည်ဆောက်ထားတာမို့ မြင့်မြင့်မားမားနှင့်ထည် ထည်ဝါဝါ ရှိသည်။
သစ်ပင်ကြီးတွေ အုပ်မှိုင်းမှိုင်းနှင့် လောကရဲ့အပြင်ဘက်မှာ တစ်ထီးတစ်နန်း တည်ရှိနေသလိုကို စံအိမ်ကြီးက သီးခြားဆန်လွန်းသည်။ခြံဝန်း အလယ်တည့်တည့်မှာ တစ်ထပ်တိုက်အပုလေးက ခပ်ပြာပြာအရောင်လေးဖြင့် သဘာဝ ဆန်ဆန်ရှိနေခဲ့ပြီး နောက်ဘက်တွင်တော့ ရဲတိုက်သဏ္ဍာန် တည်ဆောက်ထားသည့် စံအိမ်ကြီး ရှိနေသည်။
ခေတ်အဆက်ဆက် ပေါကြွယ်ခဲ့သည့် သူကြွယ်မျိုးရိုးရဲ့နောက်ဆုံးမျိုးဆက်မို့ ကြွယ်ဝမှုကတော့ လက်ညှိုးထိုးမလွဲအောင်ကို ယာခြံမြေတွေ ပိုင်ဆိုင်သည်။
ရော်ဘာခြံ၊ ကော်ဖီခြံ၊ သစ်သီးခြံတွေ ဘယ်လောက်များများ ပိုင်ဆိုင်ထားသလဲ မမှန်းတတ်အောင်ပင်။"နာမည်"
"သစ်ဆွေး "
"အင်း မင်း ဒီမှာ အလုပ်လုပ်မယ်ဆိုရင်တော့ မြင်သင့်တာကိုပဲ မြင်တတ်ရမယ်။ ကြားသင့်တာကိုပဲ ကြားတတ်ရမယ်။ ကိုယ်နဲ့ မသက်ဆိုင်တာတွေကို မထိတွေ့ဖို့တော့ လိုမယ်။ အရေးကြီးဆုံးတစ်ခုကတော့ ခြံဝန်းထဲက အသံ ခြံဝန်းထဲပဲ ရှိနေပါစေ။ လိုက်နာနိုင်မလား"
"ဟုတ်ကဲ့ ဘဘ"
အိမ်တော်ထိန်းကြီးသည် ခေါင်းကို ခပ်လေးလေးသာ ညိတ်ပြရင်း သစ်ဆွေးကို စံအိမ်အတွင်း သိသင့်တာတွေ လိုက်ပြလေသည်။
သီးခြားဆန်လွန်းသည့် နန်းတော်တမျှအိမ်ဝန်းအတွင်း ဘာကြောင့် အလုပ်သမား မမြဲသလဲ တွေး၍ မရ။
အနေအစား မပူပန်ရသည့်အပြင် လစာပါ ကောင်းသေးသည့် အလုပ်မို့ သစ်ဆွေး နှစ်ခါပင် မစဉ်းစားမိ။
မေမေ မရှိတော့သည့် နောက်ပိုင်း အမျိုးတို့ရဲ့ ကောက်ကျစ်မှုတစ်ချို့ကြောင့် နေစရာ ပျောက်ခဲ့သည်။ စားစရာ ငတ်ခဲ့သည်။ မေမေ့သူငယ်ချင်း အရီးလှက ဒီစံအိမ်တွင် အလုပ်သမား လိုကြောင်း သတင်းပေးလာတော့ မက်လုံးတို့ကို အမှန်ပင် မက်၍ လာခဲ့လိုက်တာဖြစ်သည်။
YOU ARE READING
ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
القصة القصيرةမဟာကဝိ ဝေဟင်ကိုး သစ်ဆွေး (punishment type)ပါ ။ ကြိုက်မှ ဝင်ဖတ်ပါ။