1

507 13 0
                                    






Zawgyi

ဇွန်လ၊ ၄ရက်နေ့၊ ၂၀၀၂ ခုနှစ်

"သား..ထပါဦး ဒီမှာ‌ဒေါ်‌လေးတို့ ပြင်ဦးလွင်မြို့အဝင်ရောက်နေပြီ"

ဒေါ်လေးအသံကြားမှ ကားပေါ်တွင်
အိပ်လျှက်ပါလာသော သီဟမောင်တစ်ယောက်
လန်းဆန်းတက်ကြွဟန်မျက်နှာဖြင့် သွားညီညီလေးများပေါ်အောင်ပြုံးလိုက်ရင်း
Express ကား ပြတင်းဝမှနေ၍ ပြင်ဦးလွင်မြို့အဝင်အလှအပများကို ကြည့်ရှုခံစားနေလေသည်။

၁၅ နှစ်အရွယ်သာရှိသေးသောသီဟမောင်။

သီဟမောင်မှာ မိဘများရှိသေးသော်လည်း
အမြဲသူ၏ဒေါ်လေးဖြစ်သူ ဒေါ်သီရိမေနှင့်သာ အမြဲနေလေသည်။
မိဘများမှာ မန္တလေး၊ အမရပူရဘက်မှ လူဂုဏ်ထန်စာရင်းဝင်လုလု ပိုးထည်တိုက်ပိုင်ရှင်များဖြစ်သည်။
မိဘများမှာ အလုပ်ကိုသာ အမြဲအချိန်ပေးနေသောကြောင့်
သူ့အားဂရုမစိုက်နိုင်ကြဘဲဖြစ်ရာ
သူ၏အိမ်တွင်နေရသည်မှာ သူ့အားလှောင်ပိတ်သလိုဖြစ်နေစေသည့်အတွက် သူ့အားငယ်ကတည်းက ထိန်းကျောင်းလာရသော သူ(သီဟမောင်)၏ ဒေါ်လေးမိသားစုနှင့်သာ အမြဲအတူရှိနေလေသည်။ မုန့်ဖိုးလိုသည့်အခါမှသာ အိမ်သို့ပြန်ဖြစ်သည်။ ဒေါ်လေးဖြစ်သူမှာ ဆင်းကဲသူမဟုတ်သော်လည်း အရမ်းမကြွယ်ဝသူ လူလတ်တန်းစားသာဖြစ်သောကြောင့် အတူနေ၊အတူစားကာ
မုန့်ဖိုးတောင်းရမည်ကိုတော့ သီဟမောင်အားနာနေမိသည်မှာအမှန်ပင်။

ယခုလည်း သီဟမောင်ဒေါ်လေး၏
ခင်ပွန်းဖြစ်သူမှာ သူ၏မိဘများခေါင်းချခဲ့ရာ
ပြင်ဦးလွင်မြို့နှင့် အနည်းငယ်ကွာဝေးသော ကျီးကိုင်ရွာ‌လေးသို့ ပြောင်းရွှေ့နေထိုင်ရန် ရောက်ရှိလာခြင်းဖြစ်သည်။

ပြင်ဦးလွင်မြို့အလည်ခေါင်တွင် မားမားမတ်မတ်ရပ်တည်လျှက်ရှိသော နာရီစင်ကြီးအား
သီဟမောင် မြင်လိုက်ရချိန် အရည်ရွှန်းလဲ့လှသော သူ၏မျက်လုံးအစုံတို့မှာ ညအချိန် ကြယ်ကလေးများစီရီကာထွန်းလင်းနေသလို ဝင်းလက်နေပေသည်။

"ဒေါ်လေး"

"......."

"အရင်က သူများတွေက ဒါကိုမေမြို့တဲ့
ဒေါ်လေးတို့က ပြင်ဦးလွင်တဲ့
ဒီမြို့က နာမည်(၂)မျိုးရှိတာလား"

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now