Zawgyi
"တိမ်ယံ..... မထသေးဘူးလား
ညနေစောင်းနေပြီနော်။ အခုထိမထသေးဘူးလား"ဦးစိုင်းခမ်နွန်းမှာ တိမ်ယံမိုးစက်မှာ နေ့လည်ကတည်းကပင်
အိပ်မည်ဆိုပြီး ညနေစောင်းထိ အောက်ဆင်းမလာသေး၍
အော်နှိုးလိုက်ခြင်းဖြစ်သည်။သို့သော် တိမ်ယံမိုးစက်မှာ အိပ်ရာမှ နိုးနေပြီမှာ
အတော်ကြာပြီဖြစ်သည်။
အချိုးမပြေလှသော သီဟမောင်ဆိုသည့်ကောင်လေး၏
ပြောဆိုပုံများကို ပြန်တွေး၍ ဒေါသထွက်မိနေသည်။ဦးစိုင်းခမ်နွန်း၏ အသံကိုကြားလိုက်သောအခါ
"ဟုတ်ကဲ့ သားကဖြင့်
အိပ်ရာကနိုးပြီးတာ ကြာပြီရော အပါးရေ
ရေချိုးတော့မယ်" ဟုတစ်ဖက်က ရေလဲပုဆိုး၊ တစ်ဖက်က လှေကားလက်ရန်းကိုကိုင်ကာ အောက်အထပ်သို့ပြေးဆင်းရင်း
ဖြေလိုက်လေသည်။အချိန်မှာ ညနေ (၄) နာရီခွဲခန့်
ရေချိုးပြီး တိမ်ယံမိုးစက်မှာ
သူ၏ ပုံမှန်အလုပ်အတိုင်း ရွာတောင်ပိုင်းမှ ဦးစိုးနိုင်ဝင်းအိမ်သို့ သူ၏သူငယ်ချင်းများနှင့် အခွေငှားရန်ထွက်လာလေသည်။(၂၀၀၀ ဝန်းကျင်လောက်က ဖုန်းတွေ /TV channel တွေ သိပ်ပြီးတွင်တွင်ကျယ်ကျယ်မရှိခဲ့တာ
2000 ပတ်လည် born လေးတွေ သိမှာပါ
ကိုယ်တွေလည်း မြန်မာကားအခွေတွေငှားပြီး ကြည့်ခဲ့ရတဲ့အချိန်လေးကို စာရေးရင်း သတိရမိသွားတယ်)သူ(တိမ်ယံမိုးစက်)၏သူငယ်ချင်းဆိုသည်မှာ အများကြီးမဟုတ်။
နှင်းပပမြိုင်၊ ဝင်းလဲ့ကြယ်စင်၊ နံ့သာပြည့် ။
တိမ်ယံမိုးစက်ဆိုသည်နှင့် ထို(၃) ယောက်ကိုပါ ပြေးမြင်မိကြပေသည်။"ပပရေ အခွေငှားသွားမယ် လာခဲ့တော့"
တိမ်ယံမိုးစက်၏စူးရှသောအသံကြောင့်
အိမ်ထဲမှ နှင်းပပမြိုင်မှာ ပြေးထွက်လာလေသည်။(နှင်းပပမြိုင်ကို သူငယ်ချင်းသုံးယောက်မှာ
ပပဟုပင်ခေါ်ကြခြင်းဖြစ်သည်။)နေ့တိုင်း ဤအချိန်တွင် ထွက်နေကျဖြစ်၍
ကြိုပြင်ဆင်ထားပြီးသော နှင်းပပမြိုင်မှာ
ယနေ့ ခါတိုင်းနှင့်မတူ
ညိုတိုတိုအသားအရေ
ဆံပင်မှာ နဂိုကောက်ဖြစ်သော်လည်း ပြေးလာသောအရှိန်ကြောင့် လေဒဏ်ဖြင့်ရေလှိုင်းများသဖွယ်
လူးလွန့်ကာ ပြေပြစ်သွယ်လျသော ပါးပြင်မေးရိုးကို
ညင်သာစွာထိတွေ့နေသည်မှာ
သာမန်ပုရိသယောက်ျားသားတစ်ယောက်အဖို့တော့
ရင်ခုန်စရာကောင်းနေမည်မှာ အသေအချာပင်။
မြန်မာဝတ်စုံမကြိုက်သော သူမ။
အရပ်အမောင်းမှာ မရှည်မပု၊ ရှပ်အင်္ကျီအပွနှင့်
ချည်ထည်ဘောင်းဘီပွပွ ဒူးလောက်ဝတ်ထားသည်မှာ
အနည်းငယ် ရူးကြောင်ကြောင်နိုင်လှသော်လည်း
သူနှင့်တော့ အလွန်လိုက်ဖက်သည်ဟု ထင်ရသည်။
YOU ARE READING
သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)
Lãng mạnZawgyi ပထမဆုံးစရေးတာမို့ အချက်အလက်တော်တော်များများ မှားကောင်းမှားနေပါလိမ့်မယ်နော် ရသမြောက်မမြောက်ကတော့ စာဖတ်သူတွေရဲ့ cm ကိုကြည့် နောက်ကျ ဆင်ခြင်ပြီး တတ်နိုင်သလောက်ကြိုးစားရေးသွားပါ့မယ်လို့😘 ++++++++++++++ မန္တလေးက ကောင်လေးတစ်ယောက်နဲ့ ပြင်ဦးလွင်က သာမ...