4

74 5 0
                                    

Zawgyi

အိမ်အပြင်မထွက်ရတာကြာပြီမို့
အောက်ဆင်း၍ ပြင်ပလေကို
တစ်ဝကြီးရှုသွင်းရန်ပြင်လိုက်စဉ်

သူတို့အိမ်ရှေ့တည့်တည့်ခြံမှ သီဟမောင်မှာ
အထုပ်ကြီးငယ်ဆွဲ၍ ခြံပြင်သို့ထွက်လာသည်။
သီဟမောင်၏မျက်နှာတွင် ပူပန်မှုများပြည့်နေသည့်နှယ်။

ခြံပြင်တွင်ရပ်ထားသော စိမ်းပုပ်ရောင်ထော်လာဂျီကြီးပေါ်သို့
လက်ထဲမှပါလာသော အထုပ်များကို ပစ်တင်လိုက်သည်။
ထို့နောက်မကြာမီ သူ၏အဒေါ်လည်း အိမ်ထဲမှထွက်လာသည်။

စကားအတန်ငယ်ကြာပြောပြီး တူဝရီး(၂)ယောက် ထော်လာဂျီပေါ်တက်လိုက်ပြီး တိမ်ယံမိုးစက်တို့ ခြံရှေ့တွင်ရပ်နေသူ ဦးစိုင်းခမ်နွန်းအား နှုတ်ဆက်လက်ပြကာ
ထွက်သွားလေတော့သည်။

ထိုအဖြစ်အပျက်အား အစအဆုံးမြင်ပြီး
တိမ်ယံမိုးစက်မှာ ပျော်မိသွားသည်။
သီဟမောင်ဆိုသောကောင်လေးကို ဘာကြောင့်မှန်းမသိ
မြင်ကတည်းက ကြည့်မရ။မုန်းနေမိသည်။
သူမုန်းသော ကောင်လေးတစ်ယောက်ကို
သူမြင်ချင်သည်ဆိုတောင် မမြင်ရတော့၍ပီတြိဖာသော အပြုံးများဝေဆာနေပေသည်။

ခနအကြာတွင် ဦးစိုင်းခမ်နွန်းခြံထဲဝင်လာလေသည်။

"အပါး သူတို့က ဘာလို့ပြန်တာလည်း"

"ဟိုလူလေးရဲ့အမေ သွေးတိုးပြီး
အသည်းအသန်ဖြစ်လို့ဆိုလားဘဲ
အဲ့ဒါကြောင့် ချက်ချင်းသတင်းကြားတာနဲ့ ပြန်သွားတာဘဲ"

"ဪ"

တိမ်ယံမိုးစက်မျက်နှာပျက်သွားသည်။
မိဘအတွက် စိုးရိမ်ပူပန်ပေးနေရသည့်
အရွယ်နဲ့မမျှ သောကရောက်နေသောကောင်လေး တစ်ယောက်ကို လှောင်ရယ်သလိုပြုခဲ့မိသည့်အတွက်
သူမျက်နှာပူကာ ရှက်မိနေသည်။
တစ်ချိန်တည်းမှာပင် သီဟမောင်ဆိုသည့်ကောင်လေးကိုပါ
အားနာစိတ်များဝင်လာသည်။

"ဘာတွေစဉ်းစားနေတာလည်း မျက်နှာသစ်
မနက်စာစားတော့"

ငေးငိုင်နေသည့် တိမ်ယံမိုးစက်အား ဦးစိုင်းခမ်နွန်းမှ
အတွေးလက်စသတ်ရန် စကားဆိုလိုက်သည်။

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now