9

60 7 0
                                    

Zawgyi

သီဟမောင်တစ်ယောက် အိမ်သို့ပြန်ရောက်ကတည်းက
မနက်အစောပိုင်းနှင့်မတူဘဲ
ငူငူငိုင်ငိုင်ဖြစ်နေသည်ကို အဒေါ်ဖြစ်သူမှတွေ့ ရာ

"သား.....သီဟမောင်
နေမကောင်းလို့လား မှိုင်နေတာပဲ"

သီဟမောင်မှာ သူဖြစ်ခဲ့သည့်အကြောင်းအား ရှက်နေ၍

"ဟုတ်ကဲ့ နေလို့သိပ်မကောင်းချင်သလိုဖြစ်နေတာ
ဆေးယူသောက်ထားတယ်ဗျ"

"အေးပါ သားကလည်း ဒီနေ့မှပဲဖြစ်‌နေရတယ်လို့
ကျန်းမာရေးဂရုစိုက်ဦး
မသက်သာရင် ညနေကျ ဆရာဝန်ဆီလိုက်ပို့ပေးမယ်"

"သက်သာပါတယ် ဒေါ်လေးသာ ကောင်းကောင်းနားတော့လေ"

"အေးပါ
ဒေါ်လေးနားတော့မယ်
သားလည်း ရွာထဲ လျှောက်ကြည့်ချင်ကြည့်လေ
တစ်ယောက်တည်းတော့မသွားနဲ့ဦး
ဦးစိုင်းသားကို အကူအညီတောင်းပြီး
အဖော်ထည့်ပေးလိုက်မယ်နော်"

"ဟာ မခေါ်ပါနဲ့
တစ်ယောက်တည်းရပါတယ်"

"ဘာလို့လည်း သားကို ဒေါ်လေးက စိတ်မချလို့ပါ
တိမ်ယံလေးနဲ့ ရန်ဖြစ်ထားလို့လား"

"ဟာ ရန်ဖြစ်ရအောင်
သူနဲ့သားနဲ့ ခင်တောင်မခင်တာကို
မနက်က မုန့်ဟင်းခါးသွားပို့မှ......"

သီဟမောင်မှာ ရုတ်တရက်တိတ်ဆိတ်သွားသည်။

"ဘာဖြစ်လို့လည်းသားရဲ့
ပြောလေ"

"အဲ့တုန်းကမှ နှုတ်ဆက်ပြီး ခင်သွားတာဒေါ်လေးရဲ့"

သီဟမောင်လည်း ကယောင်ချောက်ခြား ပြောမိပြောရာပြောလိုက်လေသည်။

"အင်းလေ ခင်နေပြီပဲ
ဒေါ်လေးအခုသွားပြီးပြောထားပေးမယ်နော်"

သီဟမောင်မှာ ‌သူ၏ ဒေါ်လေးအား
မည်သည့်စကားမှမဆိုနိုင်တော့ပေ။
ပြော၍လည်းရမည်မဟုတ်မှန်းသိသည်။

ခဏအကြာတွင် ဒေါ်လေးဖြစ်သူပြန်ရောက်လာပြီး

"သားရေ တိမ်ယံ့ကိုပြောခဲ့ပြီ
သူက နှစ်ခွန်းတောင်ပြောစရာမလိုဘူး
တစ်ခါတည်းနဲ့ကို
ဟုတ်ကဲ့ ကျွန်တော် ‌ရွာထဲကိုလိုက်ပြလိုက်ပါ့မယ်တဲ့
ကောင်လေးက လိမ္မာလိုက်တာသားရယ်"

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now