5

67 7 0
                                    

Zawgyi

27.5.2001
--------------

နွေရာသီကျောင်းပိတ်ရက် ဆိုသော်လည်း
၎တန်းပြီးကတည်းက ကျောင်းမနေတော့သည့်
တိမ်ယံမိုးစက်အတွက်တော့ ထူးခြားမှုရှိမနေ။

သို့သော်ထူးခြားသည်မှာ
ယနေ့မှာ တစ်နှစ်မှတစ်ခါသာ တွေ့ရသော
သူ၏ မွေးနေ့။

သို့သော် တိမ်ယံမိုးစက်မှာ သူ၏ မွေးနေ့ကိုတောင် သတိမထားမိနိုင်ဘဲ ငေးမှိုင်စွာဖြင့် ရှိနေသည်။

အဘယ်ကြောင့်နည်း။

အဖြေကတော့ ရှင်းပါသည်။ သူ၏နှလုံးသားအား တစ်စုံတစ်ယောက်က ခိုးယူသွားသောနေ့ကတည်းက
အသည်းနှလုံးမရှိတော့သူကဲ့သို့ ပျော်စရာရှိသော်လည်း ပြုံးဖို့ပင်ခက်ခဲ၊ ဝမ်းနည်းစရာတွေ့လည်း လိုက်၍ခံစားဝမ်းနည်းပေးရန် ဆန္ဒလည်း မရှိသည်မှာလည်း အရမ်းသေချာနေပါသည်။

တိမ်ယံမိုးစက်မှာ အိပ်‌နေရာမှ ထကာ ‌လှေကားမှတစ်ဆင့် အောက်အထပ်ဆင်း၍
ခြံ၏ အနောက်ဘယ်ဘက်ထောင့်တွင်ရှိသော
စဉ့်အိုးလေးနှစ်လုံး ပူးကပ်ရာ ရေဘုံဘိုင်သို့ လေးကန်စွာလျှောက်လာမိနေသည်။

ထို့နောက် မျက်နှာအမြန်သစ်၊ သွားအမြန်တိုက်လိုက်ကာ
အိမ်အရှေ့ဘက် မျက်နှာစာရှိ ကွပ်ပျစ်ပေါ်တွင် ထိုင်လျှက်ရှိသော
သူ၏အဖေဖြစ်သူ ဦးစိုင်းခမ်နွန်း ဆီသို့ ရောက်လာလေပြီ။

"တိမ်ယံ.......လာ
ကောက်ညှင်းပေါင်းဝယ်ထားတယ် စားလှည့်
ငါလည်း ခဏနေ ခြံထဲဆင်းတော့မယ်"

"ဟုတ် အပါး"

ဖျော့လျော့သော အသားအရေနှင့်
စိတ်မပါဟန် မျက်နှာအမူအရာကို ဦးစိုင်းခမ်နွန်းသတိထားမိသော်လည်း
သူ၏သားဖြစ်သူကိုတော့ ဆူပူရန်တွေးမထားပေ။
အလိုလိုက်သော်လည်း အမိုက်မစော်ကားတတ်သော သား၏အကျင့်ကိုသိထား၍ အမြဲပင် စိတ်ထဲတွင်
သူ့သားအတွက်တော့ မပူပန်တတ်။

စားသောက်ပြီး ခဏအကြာ ဦးစိုင်းခမ်နွန်းမှာ
အိမ်အနောက်ဘက် ခြံထဲသို့ အရင်ဦးစွာ
ဆင်းသွားလေသည်။

ခဏအကြာတွင်

"တိမ်ယံရေ....တိမ်ယံ"

တိမ်ယံမိုးစက် ဒီအသံကို မကြားရသည်မှာ အတော်ကြာပြီ။
ယခုမှ ပြန်လည်ကြားလိုက်ရသောကြောင့် အံ့ဩသွားရသေးသည်။

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now