Unicode
2.2.2010
"မောင်"
"ဗျာအကို"
"ဘာလိုလိုနဲ့ အကိုတို့အသက်တွေလည်းရလာခဲ့ပြီနော်"
"ဒါပေါ့ အကိုတောင် ၂၇ ပြည့်ပြီပဲ"
"ဒါနဲ့ အကိုတို့ချစ်လာခဲ့တာက"
"ဪ...ကျွန်တော်တို့ချစ်လာခဲ့တာ
၉ နှစ်ကျော် ဆယ်နှစ်ထဲမှာပေါ့ အကိုရဲ့""တကယ် အချိန်တွေက မြန်လိုက်တာနော်"
"အဲ့လို မြန်လွန်းတဲ့ အချိန်တွေကြောင့်ပဲ
ဟောဒီက ကျွန်တော် အကို့ကို...
ဘယ်လိုချစ်မိသွားမှန်းတောင်မသိလိုက်တာပေါ့""အကိုတို့လက်ထပ်တာလည်း ၇နှစ်ပြည့်ခဲ့ပြီနော်"
"ဟုတ်ပအကိုရယ်
ကျွန်တော်ဖြင့်လေ အဲ့တုန်းက
ဘယ်သူကမှ လက်ခံမယ်လို့ ထင်မထားခဲ့ဘူး
ဒါပေမယ့် အားလုံးက လက်ခံသဘောတူခဲ့တော့
တကယ်ပျော်ခဲ့ရပါတယ်""အခုလေ
အကို မန္တလေးစရောက်ဖူးတဲ့အမှတ်တရလေးကို
ပြန်သတိရနေသေးတယ်သိလား""ဘာလည်းဟင်"
"မောင်ပြောခဲ့တဲ့စကားလေ"
"ဟင်...ဘယ်စကားလည်း"
"မောင့်မှာပိုင်ရှင်ရှိနေပြီဆိုတာလေ"
"ဪ....အဲ့တုန်းက
ဟောဒီလူကြီးကို ဒီက ကလေးက လိုက်ချော့လိုက်ရတာမောနေတာပဲ""အခုရော မောင့်မှာပိုင်ရှင်ရှိနေပြီနော်"
"ကျွန်တော့်မှာတင်မဟုတ်ပါဘူး
သူ့မှာလည်းပိုင်ရှင်ရှိနေပြီပဲကို""ပြောပါဦး ဘယ်သူလည်း"
"သူ့ရဲ့ပိုင်ရှင်က ဟောဒီက သီဟမောင်ဆိုတဲ့
ကောင်လေးပါတဲ့ဗျာ""ဟားဟား" "ဟား"
"အမယ်လေး ဘယ်သူတွေမှာ ပိုင်ရှင်ရှိနေရတာလည်းတော်"
"ဪ ...ညီမလေးကြည်ဖြူ
လာလည်တာလား""အကိုတို့ လင်မယား
အဲလေ...လင်လင်..ဟာ မဟုတ်သေးပါဘူး
အကိုတို့ နှစ်ယောက်က ညီမဖြစ်သူအိမ်ကို လာမလည်မှတော့
ညီမဖြစ်သူကပဲ လာလည်ရတာပေါ့"
YOU ARE READING
သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)
RomanceZawgyi ပထမဆုံးစရေးတာမို့ အချက်အလက်တော်တော်များများ မှားကောင်းမှားနေပါလိမ့်မယ်နော် ရသမြောက်မမြောက်ကတော့ စာဖတ်သူတွေရဲ့ cm ကိုကြည့် နောက်ကျ ဆင်ခြင်ပြီး တတ်နိုင်သလောက်ကြိုးစားရေးသွားပါ့မယ်လို့😘 ++++++++++++++ မန္တလေးက ကောင်လေးတစ်ယောက်နဲ့ ပြင်ဦးလွင်က သာမ...