10

61 7 0
                                    

Zawgyi

"မောင့်ကို ချစ်တယ်
မောင်ကိုယ့်ကို ပြန်ချစ်ပေးရင် ဟောဒီက တိမ်ယံမိုးစက်ဆိုတဲ့ကောင်ကလေ ဒီကမ္ဘာမှာ အပျော်ရဆုံးလူတစ်ယောက်ထက်ကို ပိုပျော်နေရမှာပါကွာ"

"ကျွန်တော်လည်း ခင်ဗျားကိုချစ်ပါတယ်
ပြန်ချစ်ပေးချင်ပေမယ့် ကျွန်တော်တို့က ဘယ်လိုမှမဖြစ်နိုင်ဘူးဗျ"

"မဖြစ်နိုင်ဘူး.....ဟုတ်လား
မဖြစ်နိုင်ဘူးဆိုတာဘယ်လိုလည်း ပြောစမ်းပါဦး"

ထိုအချိန်တွင် တိမ်ယံမိုးစက်၏လက်မောင်းအား
တစ်စုံတစ်ယောက်က လာဆွဲလေသည်။
ထိုလက်ပိုင်ရှင်အား အနောက်လှည့်ကြည့်လိုက်ရာ

"ကိုစိုင်း..ကိုစိုင်းဘာလုပ်တာလည်းဗျ
လွှတ်နော် ကိုစိုင်း"
ကိုစိုင်းမှာ တိမ်ယံမိုးစက်အား
မောင်နှင့်ဝေးရာဆွဲခေါ်သွားလေသည်။

"မောင်....မောင်...မောင်..............."

'မောင်' ဟူသော အသံရှည်ကြီးနှင့်အတူ
ချွေးသီးချွေးစက်များနှင့် တိမ်ယံမိုးစက် အိပ်မက်မှ လန့်နိုးလာသည်။

"အိပ်မက်ထဲကအတိုင်းဆို
မောင်က ငါ့ကို့ ပြန်ချစ်နိုင်တယ်ပေါ့
ဒါပေမယ့် ကိုစိုင်းက ငါတို့နှစ်ယောက်ကြားထဲ.....
ဘာလည်း.. သူနဲ့ငါနဲ့က ဘာပတ်သတ်မှုမှ မရှိတော့ဘူးလေ"

တိမ်ယံမိုးစက်မှာ စိတ်ထဲမှရေရွတ်ပြောဆိုရင်း မျက်ရည်များပါကျလာတော့သည်။

...........

ဒီရက်ပိုင်းအတွင်း သီဟမောင်တစ်ယောက်
လူငယ်ပီပီ တက်တက်ကြွကြွမရှိ အရင်လိုလည်း လန်းလန်းဆန်းဆန်းမရှိ။

ဤသည်ကို သူ၏အဒေါ်ဖြစ်သူမှ

"သား....ဒီရက်ပိုင်းမျက်နှာမကောင်းပါ့လား
နေမကောင်းလို့လား
ဘာစိတ်ညစ်စရာတွေရှိနေလို့လည်းသားရဲ့"

သီဟမောင်မှာ အစက တိမ်ယံမိုးစက်၏ သိက္ခာကိုလည်း ငဲ့ကာ ဖုံးကွယ်ထားချင်ပေမယ့်
ယခုမူ သူ၏စိတ်များကပါ မူမမှန်၊ ပြောင်းလဲလာနေသည်ကို သတိထားမိလာပြီး မြိုသိပ်မထားချင်တော့
အားလုံးကို အမှန်တိုင်း ပြောချလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now