6

62 6 0
                                    

Zawgyi

"ဟော တိမ်ယံ သတိပြန်ရလာပြီ ဦးလေးရေ"

"အေး ဟုတ်လား ငါ့သားသတိရလာပြီလား"

တိမ်ယံမိုးစက်မှာ နှင်းပပမြိုင်နှင့် သူ၏အဖေအသံကိုကြားကာ

မျက်လုံးကို အားစိုက်ဖွင့်ကြည့်လိုက်သည်။

"တိမ်ယံ မင်းဟိုလူလေးကို တွေ့ ပြီး
ဘာကိစ္စနဲ့ ဒီလောက် လန့်သွားရတာလည်း"

ဦးစိုင်းခမ်းနွန်း လက်ညှိုးထိုးရာ အရပ်ကို ကြည့်လိုက်ပြီး
တိမ်ယံမိုးစက်မှာ

"ဟင် စိုင်း.... ကိုစိုင်း မလာနဲ့နော်
ခင်ဗျားနဲ့ ကျွန်တော် ဘာမှမဆိုင်ဘူး
ပြီးတော့ ခင်ဗျားဘက်က မဟုတ်ခဲ့လို့ ဒီလိုဖြစ်ရတာနော်"

တိမ်ယံမိုးစက်မှာ သွေးရူးသွေးတန်း၊ ကယောင်ကတမ်းနှင့်
အရူးတစ်ယောက်လို ကြောက်လန့်တကြား အော်ဟစ်နေလေသည်။

အဘယ်ကြောင့် ဤသို့ အော်ဟစ်နေသည်ကို
အားလုံးက မသိကြဘဲ တိမ်ယံမိုးစက်ကိုသာ ထူးဆန်းစွာ ကြည့်နေကြလေသည်။

အမည်မသိသော တိမ်ယံမိုးစက်ပြောနေသည့် ကိုစိုင်းဆိုသူမှာ တိမ်ယံမိုးစက်၏ ‌ခြေရင်းတွင် ကြုံ့ကြုံ့ကလေး ထိုင်ကာနေနေသည်။

ခဏအကြာမှ

"ဒီမယ် ငါ့ညီ အစ်ကို့နာမည်ကိုစိုင်းဆိုတာ ဘယ်လိုသိလည်းတော့ မသိဘူး
ငါ့ညီလူမှားနေတာတော့သိတယ်
ငါ့ညီပြောတဲ့ ကိုစိုင်းဆိုတဲ့လူကို အကိုမသိပါဘူး
အကို အိမ်နဲ့စိတ်ဆိုးပြီး ဘုရားကိုရောက်လာတယ်၊
ပြီးတော့ ဘုရားကို ပန်းကပ်ဖို့ ဝယ်လာတဲ့ပန်းတွေ ငါ့ညီကြောင့် ကျသွားလို့ ဒေါသထွက်သွားမိတာ
အဲ့ဒါ အစ်ကို့ကို ကြည့်ပြီး ငါ့ညီမေ့လဲသွားလို့
အစ်ကို စိတ်ပူလို့ လိုက်လာမိတာ

ဒါနဲ့ အစ်ကို့နာမည်က စိုင်းစည်းစိမ်မင်း ပါ

ဟိုလေ
ဟောဒီက ညီလေးလည်း ပြန်သတိရလာပြီဆိုတော့
ကျွန်တော် ပြန်ပါဦးမယ်ဗျ
ဦးလေးရေ သွားပြီနော်"

"အေးပါကွာ သွားပါ
ဦးလေးသားအတွက်နဲ့ ဒုက္ခများနေမယ်
ဖြည်းဖြည်းသွားဦးနော်"

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now