2

38 3 0
                                    

Unicode

"တိမ်ယံမိုးစက်ရေ..."

"ဪဒေါ်လေး...ပြောလေ"

"ဒီမယ်...သားသီဟမောင်က
ဒီဖိတ်စာလေး သားကိုပေးပေးပါဆိုလို့လေ"

"ဗျာ...ဘာ..ဘာဖိတ်စာလည်း"

"အမလေး..လန့်မနေပါနဲ့
သားတို့အကြောင်းကို ဒေါ်လေးတို့လူကြီးတွေအကုန်သိနေပါပြီ
သားအဖေ ဦးစိုင်းတောင်သိပြီးပြီ"

"ဗျာ..."

"ဟုတ်တယ်သားရဲ့...အခုရက်ပိုင်း
သားနဲ့ သီဟမောင်မတွေ့ဖြစ်ကြဘူးမလား"

"အခုရက်ပိုင်းတင်မဟုတ်ပါဘူးဗျာ
သူနဲ့ မတွေ့ဖြစ်တာ
နှစ်လကျော် သုံးလလောက်ရှိပြီ"

"သီဟမောင်ကိုလည်း ကိုအာကာစိုးက
သူ့အလုပ်ကိုခေါ်သွားတာလည်း မတွေ့ဖြစ်တာပါတာပေါ့"

"ဟုတ်မှာပါ...ဒါနဲ့ ဒီဖိတ်စာက"

"ဪ...စိုင်းသူရဆိုတဲ့ကောင်လေးရဲ့
မင်္ဂလာဆောင်တဲ့
အဲ့ဒါ သားနဲ့အတူတူ မင်္ဂလာပွဲတက်ကြမယ်တဲ့လေ
ဒေါ်လေးပြန်ပြီသား"

"ဟုတ်ဒေါ်လေး"

'ဪ....ကိုစိုင်း
လူယုတ်မာသား
ဒီအခြေအနေရောက်နေပြီ
ဒါငါ့အတွက် အခွင့်ကောင်းပဲ
တွေ့ကြသေးတာပေါ့ ဦးအောင်ချမ်းသာရယ်'
.......

"မောင်...မောင့အကို့ကိုခေါ်တယ်ဆိုတာက
ဘာလို့.."

"ဪမောင်ရယ်
ဟိုတစ်နေ့က ဖိတ်စာပို့လိုက်တယ်မလား"

"အင်းလေ"

"အဲ့ကိစ္စပေါ့"

"ဒါဆို မောင့်မှာ တခြားပြောစရာမရှိဘူးပေါ့"

"ရှိသေးတယ်လေ"

"ဘာလည်းပြော"

"အကို့ကို...အရမ်းချစ်တယ်လို့
ဟီး"

"အံမယ်...အကို့ရဲ့မောင်ကတော့
လူလည်လေးပါကွာ"

"အကို..ကျွန်တော်တို့မတွေ့တာ အရမ်းကြာပြီနော်"

"ဟုတ်တယ် အကိုလည်း အလုပ်တွေရှုပ်နေတာနဲ့လေ
မောင်လည်း ဦးအာကာစိုးနဲ့ အလုပ်လိုက်နေရတာဆို"

"လေ့လာတဲ့သဘောပါ
သူ့ကော်ဖီစက်ရုံကလည်း သိပ်မပင်ပန်းပါဘူး
မန်နေဂျာဆိုတော့ သိပ်မလုပ်ရတာနေမယ်
နောက်ကျ ကျွန်တော့်ကို အလုပ်သွင်းပေးမယ်တဲ့"

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now