Zawgyi
1.10.2001
"Not sure if you know this
But when we first met
I got so nervous I couldn't speakIn that very moment
I found the one and
My life had found its missing piecesSo as long as I live I love you
Will have and hold you
You look so beautiful in whiteAnd from now until my very last breath
This day I'll cherish
You look so beautiful in white
Tonight......"Shane Filan ၏ Beautiful in White သီချင်းမှာ တိမ်ယံမိုးစက်၏ခေါင်းအနားတွင်ဆူညံစွာဖြင့်။
နံနက်ပိုင်း နိုင်ငံခြားဂီတအစီအစဉ်ရေဒီယိုသံမှ သီချင်းသံနှင့်အတူလွင့်မျောကာ
တိမ်ယံမိုးစက်နိုးလာသည်။
သူနိုးလာတော့ သီဟမောင် သူ့ဘေးနားတွင်မရှိပေ။
ဘေးဘီဝဲယာကြည့်နေတုန်းမှာပင်
သီဟမောင် အခန်းတွင်းသို့ဝင်ရောက်လာသည်။
လက်ထဲတွင်လည်း ချိုင့်တစ်လုံးနှင့်။"မောင် ဘယ်ကပြန်လာတာလည်း
လက်ထဲလည်း ချိုင့်တွေနဲ့""ခင်ဗျားအဖေက ခင်ဗျားကို လာအော်နှိုးတာ ခင်ဗျားမှမနိုးဘဲ
အဲ့ဒါနဲ့ ကျွန်တော်သွားလိုက်တာ
ခင်ဗျားမထလို့ ရေဒီယိုကို ခင်ဗျားရဲ့ နားနားမှာ ကပ်ဖွင့်ခဲ့တာ
အဲ့ဒါတောင်မနိုးဘူးနော်""ဘယ်နိုးမလည်း မနေ့ညက" တိမ်ယံမိုးစက် ရယ်ကျဲကျဲနှင့်ပြောနေသည်ကို သီဟမောင်မှ တားလိုက်သည်။
"တော်တော့ အဲ့ဒါတွေ မပြောစမ်းနဲ့
ခင်ဗျားမရှက်ဘူးလား""ရှက်စရာလား ဒီလိုအချစ်နဲ့ထိတွေ့ ရတာကို
ပိုတောင်သဘောကျသေးတယ်""တော်ပြီ...မပြောနဲ့တော့
ဒီမယ်ခင်ဗျားအဖေက ဒီချိုင့် နှစ်ယောက်စားဖို့တဲ့ ခေါ်ပေးတာမနက်က အစောကြီး ဦးလေးရောက်လာတယ်တဲ့
အဲ့ဒါကျွန်တော်တို့ကို မနှိုးချင်တာနဲ့ ခင်ဖျားအဖေဆီပဲသွားပြီး
ဒေါ်လေးက နောက်ထပ်နှစ်ရက်လောက်နေရဦးမှာတဲ့
သူကလည်းပြန်လာဖြစ်မှာမဟုတ်လို့ ကျွန်တော်သုံးဖို့ ပိုက်ဆံနည်းနည်းနဲ့ ကျွန်တော့်ကို ဂရုစိုက်ပေးဖို့ လာပြောတာတဲ့""ဟာ ဒါဆို နောက်ထပ်နှစ်ရက်ဒီမှာအိပ်ရဦးမှာပေါ့နော်"
"အတူအဖော်အဖြစ်နေပြီး ဂရုစိုက်ပေးဖို့ပဲပြောတာနော်"
YOU ARE READING
သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)
RomanceZawgyi ပထမဆုံးစရေးတာမို့ အချက်အလက်တော်တော်များများ မှားကောင်းမှားနေပါလိမ့်မယ်နော် ရသမြောက်မမြောက်ကတော့ စာဖတ်သူတွေရဲ့ cm ကိုကြည့် နောက်ကျ ဆင်ခြင်ပြီး တတ်နိုင်သလောက်ကြိုးစားရေးသွားပါ့မယ်လို့😘 ++++++++++++++ မန္တလေးက ကောင်လေးတစ်ယောက်နဲ့ ပြင်ဦးလွင်က သာမ...