8

65 7 0
                                    

Zawgyi

"အဲ့ဒါပါဘဲဟာ
အဲ့ကတည်းက ကိုစိုင်းရဲ့အခြေအနေကို ဆက်မစောင့်နိုင်ဘဲ အလုပ်က အမြန်ထွက်လာပြီး
အိမ်တင်နေနေတော့တာ အခုထိပေါ့"

"ဪ....ဒါဆို
ကိုစိုင်းဆိုတာ နင်နဲ့ပတ်သတ်ဖူးခဲ့တဲ့ တစ်ယောက်ပေါ့"
ဝင်းလဲ့ကြယ်စင်မှာ စနောက်သည့်လေသံဖြင့်ပြောလိုက်လေသည်။

"ဝင်းလဲ့ ဒါနောက်စရာမဟုတ်ဘူးနော်
ငါတကယ် ကြောက်လည်းကြောက် ဝမ်းလည်းဝမ်းနည်းနေတာ
အခုထိသူ့ကို မေ့ထားခဲ့တာကို သူကပြန်ပေါ်လာတာလား
ပေါ်လာတဲ့သူက သူနဲ့ပဲ အရမ်းတူနေတာလား ငါလည်းမခွဲခြားတတ်တော့ဘူး"

ထိုစဉ် နံ့သာပြည့်မှ ကြားဖြတ်ကာ

"ဟဲ့နေဦး မနေ့ကဆယ်တန်းတွေအောင်စာရင်းထွက်တာလေ
တိမ်ယံ့ရဲ့ အဆက်ဟောင်းကြီး
မောင်လေးသီဟမောင်
ဂုဏ်ထူး (၁) ဘာသာနဲ့အောင်လာတာတဲ့ အခုပြန်ရောက်နေပြီ
ခုနလေးတင်မှ ရောက်လာကြတာဟဲ့
သူ့အမေနေမကောင်းကတည်းက ပြန်သွားတာလေ
သူရောက်သွားတော့ သူ့အမေအသက်ငင်နေတဲ့ အချိန်ဘဲမီလိုက်တယ်တဲ့
အဲ့ဒါ ကျောင်းဖွင့်တဲ့အချိန်နဲ့ နီးကပ်နေတော့
တစ်ခါတည်း ကိုယ်ပိုင်ကျောင်းမှာအပ်ခဲ့တာဘဲ
အခုမှ ပြန်ရောက်လာတာ"

တိမ်ယံမိုးစက် မျက်လုံးများ မှေးမှိန်နေရာမှ
အရောင်တောက်လာသည့်နှယ်ဖြစ်လာကာ

"ဘာကို ငါ့ရဲ့ အဆက်ဟောင်းလည်း
ဒါနဲ့ သူရော အရင်တိုင်းဘဲလား
ဘာတွေပြောင်းလဲသွားသေးလည်း"

"အမလေး ပါးစပ်ကသာ စိတ်ဆိုးတာလိုလိုနဲ့
ကြိတ်ပျော်နေတာမလား ငါသိတယ်နော်
ရုပ်ကိုက ရှက်ကိုးရှက်ကန်းနဲ့

ပြောင်းတယ်ဟေ့ ပြောင်းတယ်
သီဟမောင်လေ ခန္ဓာကိုယ်က ထွားလာလိုက်တာဟာ
အရင်က သူမဟုတ်တဲ့အတိုင်းဘဲ
အသားတွေလည်း ပိုဖြူလာသလိုဘဲ
အဆောင်တွင်းအောင်းနေရတော့လေ
အဲ့ထက် သိချင်ရင် ကိုယ်ဘာသာသွားကြည့်တော့ဟေ့"

"ဦးစိုင်းရေ..... ဦးစိုင်း"

"ဪ..သီရိမေလား
လာလေ အိမ်ထဲ"

ဦးစိုင်းခမ်းနွန်းမှာ ၎င်းအား‌ ခေါ်သံကြား၍
အိမ်ပေါ်မှ ဆင်းလာကာ လှမ်းပြောကြားခြင်းဖြစ်သည်။

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now