2

160 7 0
                                    

Zawgyi

ကျီးကိုင်ရွာ....

နေ့လည်ထမင်းစားနားပြီး၍
ခြံထဲရှိ အလုပ်သမားများလည်း
အလုပ်များကို ဆက်လက်လုပ်ဆောင်ရန်
အခင်းထဲသို့ တစ်ဖန်ပြန်ဝင်လာကြရပြန်သည်။

ရေလောင်း၊ ပေါင်းသင်း၊ မြေဆွ

ထိုအလုပ်များမှာ သာမန်လူများအဖို့ အရမ်းကြီး ပင်ပန်းလှသည်မထင်ရသော်လည်း

ပျိုးထောင်သူတို့၏ လက်မှာလွန်စွာတန်ဖိုးကြီးလှကြောင်း
သိသူမှာ အနည်းငယ်သာရှိပေလိမ့်မည်။

(ကဲ..ထားပါ ဆက်ကြစို့)

"တိမ်ယံရေ ဆေးဗူးတွေယူခိုင်းတာ
ထမင်းမစားခင်ကနော်"

"ဟာ အပါးကလည်း
အပါးပြောပြီးခင်ကတည်းက အခင်းပေါက်မှာချပြီးရောဘဲကို"

စကားသံခပ်ဝဲဝဲနှင့် အသက်(၅၆)နှစ်အရွယ် လူတစ်ဦးနှင့် တိမ်ယံမိုးစက်.

တိမ်ယံမိုးစက်မှာ မိဘများမရှိကြတော့ပေ။
သူ၏မိဘများမှာ တိမ်ယံမိုးစက် လသားအရွယ်ခန့်က
ပြင်ဦးလွင်အလည်လာရင်း မြို့ရှောင်လမ်းတွင် မတော်တဆတစ်ခုကြောင့် အသက်ဆုံးရှုံးခဲ့ရလေသည်။

ထိုအချိန်တွင် စီးပွားရေးချောင်လည်နေသော
လူပျိုကြီး စိုင်းခမ်နွန်းက ခေါ်ယူမွေးစားခဲ့ပေသည်။
"တိမ်ယံမိုးစက်"ဟူသည့် အမည်ကို
အဘယ်သို့ စဉ်းစား၍ ပေးခဲ့သည်မသိ။
နာမည်မှာတော့ ခေါ်ရကောင်းသလိုလိုပင်။
တိမ်ယံမိုးစက်က ဗမာစစ်စစ်။ သို့သော် ငယ်စဉ်ကတည်းက
စကားသံဝဲသူများနှင့် ကျင်လည်ခဲ့ရသည်မို့ သူ၏အသံမှာလည်း ဝဲတဲတဲနှင့်တစ်မျိုးချစ်စရာကောင်းလှပေသည်။
ဦးစိုင်းခမ်နွန်းမှာ (ဓနု+ဗမာ) ကပြားတစ်ဦးဖြစ်သည်။
ထို့ကြောင့် စကားသံခပ်ဝဲဝဲ ဩဇာသံအပြည့်နှင့်ပြောဆိုသောအသံမှာ
သာမန်သူစိမ်းတစ်ယောက်အတွက်တော့ ဘယ်လိုဖြစ်မည်မသိ။ တိမ်ယံမိုးစက်ကတော့ ဦးစိုင်းခမ်နွန်း၏စကားမှန်သမျှကို ချောမွေ့စွာနှင့် ချက်ချင်း အဖြေပြန်နိုင်သည်။

၎င်းတို့သွေးမတော်သားမစပ် သားအဖ(၂)ဦး
စကားပြောနေစဉ်

"ဦးစိုင်း...... ဦးစိုင်းရှိလား"

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now