15

62 3 0
                                    

Zawgyi

10.10.2001

သီဟမောင်နှင့် တိမ်ယံမိုးစက်မှာ
မနက်ခင်းအစောပိုင်းကားဖြင့် ပြင်ဦးလွင်မှထွက်ခွာလာရာ
(၈) နာရီခန့်လောက်တွင် မန္တလေး‌သို့ရောက်သည်။
ကားကွင်းမှတစ်ဆင့် သီဟ‌မောင်၏နေအိမ်တည်ရှိရာ
အမရပူရမြို့ ကွမ်းသီးတန်းလမ်းအဝင်ရှိ

*လွန်း (ပိုးထည်နှင့် ချည်ထည်အမျိုးမျိုး)*  ဟူသော
ဆိုင်းဘုတ်ကြီးတစ်ခု ငွားငွားစွင့်စွင့်
ချိတ်ဆွဲထားသည့် အိမ်သို့

အငှားကားစီးကာ ရောက်လာကြသည်။

ဆိုင်ခန်းထဲတွင် ဦးဟိန်းဇော်နှင့် သူ၏သမီးဖြစ်သူ နံ့သာပြည့်တို့ ဈေးဝယ်လာသည့်
ဧည့်သည်များအားအထည်များပြသရောင်းချကာ
အလုပ်ရှုပ်နေသည်။
အိမ်ထဲသို့ဝင်ရောက်လာသောအခါ
သီဟမောင်၏ညီမဖြစ်သူ •‌အိမ့်ကြည်ဖြူ•
မိန်းကလေးမှာ ဂိုက်ဆရာမဖြင့် စာသင်ကြားနေလေသည်။

အဖေဖြစ်သူ ဦးခန့်ညားအောင်ကိုတော့မတွေ့ 

"သူအလုပ်ကိစ္စရှိလို့ အပြင်သွားတာနေမှာပါ"ဟု
သီဟမောင်လည်းတွေးလိုက်ပြီး အိပ်ခန်းတွင်းသို့ တိမ်ယံမိုးစက်အား ခေါ်လာကာ
ခေတ္တနားနေလေသည်။

"ခဏနေရင် ဦးပိန်တံတားသွားကြမယ်"

"‌ဟာ ကိုပင်ပန်းနေပြီမောင်ရဲ့
ဝေးရင်မသွားချင်တော့ဘူး"

"နီးနီးလေးပါ ပြီးတော့
ဟိုတစ်နေ့က ဧည့်သည်ဖိတ်ထားတာလို့ပြောတယ်လေ
သူနဲ့တွေ့ ရမှာ"

"ဟုတ်ပါပြီ အဲ့ဒါဆို မောင်သွားတော့မယ်ဆိုပြောနော်
အကိုနားဦးမယ်"

"အေးဆေးနားပါ ...ပြွတ်စ်"

သီဟမောင်မှာ တိမ်ယံမိုးစက်ပါးကို ရုတ်တရက်နမ်းလိုက်သည်။

တိမ်ယိုံးစက်လည်း ပြုံးပြုံးကြီးနှင့် မျက်စိစုံမှိတ်ကာ
ကြိတ်ပျော်နေသည်။

နာရီဝက်ခန့်ကြာသောအခါ

"အကိုရေ သွားရအောင်
ဖိတ်ထားတဲ့လူက ရောက်နေပြီတဲ့
စောင့်ခိုင်းနေရရင်အားနာစရာကြီး"

"အကိုအင်္ကျီလဲလိုက်ဦးမယ်မောင်"

ပြင်ဆင်ပြီးချိန်တွင် နှစ်ဦးသား ဦးဟိန်းဇော်၏ ဆိုင်ကယ်လေးအား ငှားကာ ဦးပိန်တံတားဆီသို့ မောင်းနှင်ထွက်ခွာလာကြသည်။

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now