11

65 7 0
                                    

Zawgyi

"တိမ်ယံရေ ...တိမ်ယံ လာပါဦး
ဒီမှာ ပပခြံထဲမှာ ပိုးထိလို့"

တိမ်ယံမိုးစက် ပြာပြာသလဲဖြစ်သွားသည်။
ဟုတ်သည် သူ့သူငယ်ချင်းများနှင့် အဆက်အသွယ်အခေါ်အပြောမရှိသည်မှာ ကြာပြီမို့
ယခုမှပင် သူအားလုံးနှင့် ကင်းကွာနေသည်မှာ ကြာပြီဟု တွေးမိလိုက်လေသည်။

"နံ့သာပြည့်ကို သွားခေါ်ပြီးပြီလား ဝင်းလဲ့"

"ဟဲ့ နံ့သာပြည့်က
သူ့အဖေတို့နဲ့ မြို့ကိုပြောင်းသွားပြီလေ နင်မသိဘူးလား
သူကလည်း ကျောင်းမတက်တော့ပဲ
သီဟမောင်အဖေတို့ ပိုးထည်တိုက်မှာ သွားဦးစီးပြီး
နေတော့မယ်တဲ့ဆိုပြီးသွားတာ
အခုဆို တစ်လတောင်ပြည့်တော့မယ်လေ
နင့်ကိုနှုတ်ဆက်ဖို့ ပြောခိုင်ခဲ့တာ ငါမေ့နေတာ"

"အေးပါ လာလာ ပပဆီသွားကြမယ်"

သူတို့နှစ်ဦး ပပဆီရောက်တော့
မြင်လိုက်ရသည်က

ပပ၏ ရုပ်အလောင်း...............

သူမ၏ရုပ်အလောင်းဘေးတွင် သူမ၏အဖေနှင့် အမေ။...

"အမလေး သမီးရယ် အဖြစ်ဆိုးလိုက်တာကွယ်
အမေတို့ကိုထကြည့်ပါဦး
အဲ့ဒါ ကျွန်မအပြစ်
ခြံထဲကို ဇွတ်သွားခိုင်းတာလေ ကျွန်မ ကျွန်မ....."
ပပ၏ အမေဖြစ်သူမှာ ငိုရင်း
သတိလစ်သွားလေသည်။

တိမ်ယံမိုးစက်လည်း စိတ်မချမ်းသာစွာနှင့်
သူငယ်ချင်းဖြစ်သူ၏နာရေးတွင် ကူစရာရှိသည်ကို ကူညီလုပ်ဆောင်ပေးကာ မြေမြှုပ်သင်္ဂြိုဟ် ပြီးမှ
အိမ်သို့ ပြန်လာလေသည်။

အိမ်အပြန်လမ်းတွင်
သူ၏ အရှေ့တွင် အမျိုးသမီးခေါင်းငုံ့ကာ ‌လမ်းလျှောက်နေသည်။
သူ၏ပုံစံမှာ နေမကောင်းနေသလိုပုံစံ။
ယိုင်နဲ့စွာ လျှောပ်နေသည်မို့ တိမ်ယံမိုးစက်မှာ
သွား၍ကူညီပေးရန် ဟန်ပြင်လိုက်စဉ်

"ဟာ ဒေါ်လေး အိမ်ပြန်နောက်ကျလို့
သားအခုပဲလိုက်လာတာ
လာခဲ့ဒေါ်လေး "

သီဟမောင်၏အသံကို အမှောင်ထဲတွင်ကြားလိုက်ရသောကြောင့် တိမ်ယံမိုးစက်
ရပ်တန့်လိုက်သည်။

သီဟမောင်သူ၏အဒေါ်ဖြစ်သူအား ကူတွဲပေးရန် လက်မောင်းဆွဲလိုက်ချိန်တွင်

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now