Zawgyi
25.8.1998
"ခင်ဗျား မဟုတ်တာမပြောနဲ့ ကိုစိုင်း
ကျွန်တော့် မျက်စိနဲ့ တပ်အပ်တွေ့ ခဲ့ရတာနော်
ခင်ဗျားသူ့ကို ဟောဒီ ခင်ဗျားနှုတ်ခမ်းကြီးနဲ့ နမ်းနေတာ
ကျွန်တော့်မျက်စိနဲ့ သေချာကို တွေ့ ခဲ့တာ
ခင်ဗျား လိမ်ဖို့မကြိုးစားနဲ့""ငါမင်းကို မဟုတ်ပါဘူးလို့ပြောပြီးပြီဘဲ
ဒီ့ထက်ပိုပြီး မရှင်းပြနိုင်တော့ဘူး
အဲ့ဒါမှ မယုံရင်လည်း မင်းဖြစ်ချင်တာပြောလိုက်
ငါ့ဘက်ကတော့ မင်းကို
ဘယ်တုန်းကမှ သစ္စာမဖောက်ခဲ့ဖူးဘူး""ဘာဖြစ်ချင်လည်းဆိုရင် ခင်ဗျားကို သေစေချင်တာဘဲ
ခင်ဗျားကို ကျွန်တော်သတ်ချင်နေတာဘဲ""ဟား....ဟား..ဟား
မင်းမှာ ငါ့ကိုသတ်ဖို့ သတ္တိရှိလို့လား
မင်းတကယ်သေစေချင်တယ်မလား
မင်းသတ်စရာမလိုဘူး
မနက်ဖြန်ငါ့နာရေးသတင်းကို ကြားဖို့စောင့်နေ
ဒါဘဲ ငါသွားပြီ တိမ်ယံမိုးစက်""တိမ်ယံမိုးစက်..ဟုတ်လား
သူငါ့ကို တိမ်ယံမိုးစက်လို့ ခေါ်သွားတာလား
ငါဘဲ နားကြားမှားသွားတာလား
ဘယ်တုန်းက ငါ့ကို အဲ့လို နာမည်အပြည့်အစုံခေါ်ဖူးလို့လည်း
သူတကယ်ဘဲ ငါ့ကို စိတ်ဆိုးသွားတာလား
သူပြောသွားတာ တကယ်ဆို မဖြစ်သင့်တာတွေ ဖြစ်ကုန်တော့မှာဘဲ"တိမ်ယံမိုးစက်မှာ တစ်ယောက်တည်း ထိတ်လန့်စွာ တွေးမိနေပြီး ခဏအကြာမှ
"ဟေ့လူ နေဦး ဟေ့လူ"
တိမ်ယံမိုးစက် အသံကုန်အော်ကာ ခေါ်သော်လည်း
စိုင်းသူရမှာ နောက်ပြန်ပင် လှည့်မကြည့်ဘဲ စိတ်ဆိုးမာန်ဆိုးနှင့် အမျိုးသားကန်တော်ကြီး ဥယျာဉ်ထဲမှ ထွက်ခွာသွားလေသည်။သူတို့နှစ်ဦး ချစ်ခဲ့သည်မှာ ၄ လ မျှ ရှိခဲ့လေပြီ။
ယခုကဲ့သို့ တစ်ခါပင် ပြဿနာမရှိခဲ့ဖူးပေ။အခုတွင် မည်သည့်နေရာမှပေါ်လာသည်မသိသော မိန်းကလေးတစ်ဦးကြောင့် တိမ်ယံမိုးစက်ကိုပင် လှည့်ကြည့်ချင်စိတ်ပျောက်အောင် စိတ်ကူးများ မည်ကဲ့သို့ထွက်ပေါ်လာမှန်းလည်း တိမ်ယံမိုးစက်မတွေးတတ်။ စိုင်းသူရမှာ မန္တလေးမှ သူ့ဦးလေး သမီး၊ သူ့ညီမ ဝမ်းကွဲဖြစ်သူအား ပြင်ဦးလွင်မြို့တွင်း အလည်အပတ် ပို့ပေးနေရင်း
တိမ်ယံမိုးစက်မှာ မောင်နှမမှန်းမသိဘဲ ထင်ယောင်ထင်မှား မြင်မိကာ ပြဿနာများ တက်ခြင်းဖြစ်သည်။
YOU ARE READING
သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)
RomanceZawgyi ပထမဆုံးစရေးတာမို့ အချက်အလက်တော်တော်များများ မှားကောင်းမှားနေပါလိမ့်မယ်နော် ရသမြောက်မမြောက်ကတော့ စာဖတ်သူတွေရဲ့ cm ကိုကြည့် နောက်ကျ ဆင်ခြင်ပြီး တတ်နိုင်သလောက်ကြိုးစားရေးသွားပါ့မယ်လို့😘 ++++++++++++++ မန္တလေးက ကောင်လေးတစ်ယောက်နဲ့ ပြင်ဦးလွင်က သာမ...