3

33 2 0
                                    

Unicode

"မင်္ဂလာမောင်မယ်နှင့် သတို့သား၊ သတို့သမီး
မိဘများ
နှစ်ဖက်သော မိတ်သင်္ဂဟဆွေမျိုးဧည့်သည်များ
ယနေ့ကတော့ဖြင့်
ပြင်ဦးလွင်မြို့ရဲ့ မြို့မျက်နှာဖုံးများဖြစ်ကြတဲ့
ဦးအောင်ချမ်းသာ၊ဒေါ်ကျော့မေ တို့၏ သားဖြစ်သူ မောင်စိုင်းသူရနဲ့
ဦးမင်းဆက်၊ဒေါ်ထိပ်ထားတို့၏ သမီးဖြစ်သူ
မကလျာနွယ်တို့ရဲ့ မင်္ဂလာရှိလှတဲ့
ထိမ်းမြားလက်ထပ်ပွဲနေ့လေးဖြစ်ပါတယ်"

စင်မြင့်ပေါ်မှ ဘိသိက်ဆရာ၏ နှုတ်ခွန်းဆက်စကားကြောင့်
ပရိသတ်များငြိမ်သက်သွား‌ကြလေသည်။

"မင်္ဂလာသတို့သား၊သတို့သမီးမောင်နှံ
မင်္ဂလာခန်းမအတွင်းသို့ဝင်ရောက်လာရန်
မင်္ဂလာတေးသံဖြင့်
ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျား"

🎼ဟင်.......သွားကြမယ်ချစ်ကမ္ဘာဘုံ
လိုက်မလားကွယ် သီးသန့်တဲ့မေတ္တာဘုံ.....🎼

ဂရေဟမ်နှင့် လေးလေးဝါးတို့ သီ‌ဆိုထားသော
ကမ္ဘာ့အပြင်ဘက် တေးသွားနှင့်အတူ
မင်္ဂလာမောင်နှံ ခန်းမအတွင်းသို့
ဝင်ရောက်လာလေပြီ။

ထို့နောက် မင်္ဂလာစင်မြင့်ပေါ်သို့တက်ရောက်ကြကာ
မင်္ဂလာဘိသိက်သွန်းမြှောက်၍
မင်္ဂလာငွေခရုသွန်းမှုတ်ပြီးချိန်တွင်

"ယခုအခါမှာတော့
မင်္ဂလာဇနီးမောင်နှံရဲ့ မိဘများမှ
ဝမ်းသာစကားပြောရပေးရမယ့်အချိန်ပဲဖြစ်ပါတယ်
ဒါကြောင့် သတို့သားမောင်စိုင်းသူရ၏
ဖခင်ဖြစ်သူ ဦးအောင်ချမ်းသာအား
မင်္ဂလာစင်မြင့်ပေါ်သို့ တက်ရောက်ဝမ်းသာစကားပြောရန် ဖိတ်မန္တက ပြုအပ်ပါတယ်"

!ဖြောင်း!ဖြောင်း!ဖြောင်း!

ဧည့်ပရိသတ်များထံမှ
လက်ခုပ်ဩဘာပေးသံများ
ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

"ဟုတ်ကဲ့......ပထမဦးစွာ
အခုလို ကျွန်တော့်ရဲ့သားဖြစ်သူ မင်္ဂလာပွဲကို
တက်ရောက်လာပေးကြတဲ့ ဧည့်သည်များအားလုံးကို ကျေးဇူးအထူးတင်အပ်ပါတယ်
ကျွန်တော့်သားရဲ့ ကိုယ်ကျင့်သိက္ခာဟာလည်း
ပြောပြစရာလိုမယ်မထင်ပါဘူး
ငယ်ကတည်းကကျွန်တော့်ရဲ့ သွန်သင်ဆုံးမ..."

သူ့တွင်ပိုင်ရှင်ရှိနေပြီ (Completed Short Story)Where stories live. Discover now