Part 16

7.8K 650 13
                                    

"ဟဲ့ ချစ်ပုံကဘာဖြစ်နေလို့လဲ"

"နင်ကအခြောက်မဘက်ကပေါ့လေ"

ချစ်ပုံ ပွင့်ဖြူစင်ရဲ့အသံကိုကြားလိုက်ရတာကြောင့်လှေကားပေါ်အမြန်ပြေးတက်သွားသည်။ဒုတိယထပ်တံခါးရှေ့တွင်ပွင့်ဖြူစင်နဲ့သဲစုဝေကသင်တန်းသူတချို့နဲ့ရန်ဖြစ်နေသည်။ပွင့်ဖြူစင်နဲ့သဲစုဝေကမိန်းကလေးတစ်ယောက်ကိုဆံပင်ဆွဲထားပြီးတံခါးရှေ့တွင်ဝုန်းဒိုင်းကြဲနေသည်။

ချစ်ပုံ အလျင်အမြန်ပွင့်ဖြူစင်ကိုဆွဲလိုက်သည်။

"ရပ်တော့ ဆရာလာတော့မယ်"

ချစ်ပုံအော်လိုက်မှရပ်တန့်သွားသည်။ထိုမိန်းကလေးတို့ကချစ်ပုံကိုမနှစ်မြို့တဲ့အကြည့်ပေးပြီးအခန်းထဲဝင်သွားသည်။ချစ်ပုံ ပွင့်ဖြူစင်နဲ့သဲစုဝေကိုကြည့်လိုက်သည်။ပွင့်ဖြူစင်ရဲ့ဆံပင်တွေကရှုပ်ပွနေပြီးလက်မောင်းတွင်လက်သည်းခြစ်ရာတွေကိုလည်းတွေ့ရသည်။သဲစုဝေရဲ့ခန္ဓာကိုယ်တွင်လည်းထိုနည်းလည်းကောင်း။

ချစ်ပုံ ထိုနှစ်ယောက်ကိုဆွဲကာလှေကားမှဆင်းလာသည်။သုံးယောက်သားစကားမပြောမိ။‌လှေကားအောက်ရောက်တော့ပွင့်ဖြူစင်ကဆိုင်ကယ်ထုတ်လိုက်သည်။

"ပွင့်ဖြူစင် နင်ဘယ်သွားမလို့လဲ သင်တန်းစတော့မှာလေ"

ပွင့်ဖြူစင်ကရှုပ်ပွနေတဲ့ဆံပင်ကိုလက်နဲ့အနည်းငယ်ပြုပြင်ပြီး။

"ဒီပုံစံနဲ့ ငါအတန်းမတက်ချင်တော့ဘူး အိမ်ပြန်မလို့"

"အေး ငါလည်းပြန်မယ်"

သဲစုဝေကပါဆိုင်ကယ်ထုတ်လိုက်သည်။ချစ်ပုံ ပွင့်ဖြူစင်ရဲ့ဆိုင်ကယ်နောက်တွင်ထိုင်သည်။ပွင့်ဖြူစင်ကချစ်ပုံကိုကြည့်ပြီး။

"နင် ဘာလုပ်တာလဲ"

"ငါ့ကိုလည်းခေါ်သွားလေ ငါလည်းဒီနေ့အတန်းပြေးမယ်"

"အေး ကောင်းတယ် ငါတို့လျှောက်သွားကြမယ်"

"အေး"

ပွင့်ဖြူစင်နဲ့သဲစုဝေရဲ့မျက်နှာလေးကပြုံးရွှင်လာကာချစ်ပုံလည်းပြုံးလိုက်မိသည်။ချစ်ပုံ ပွင့်ဖြူစင်ရဲ့ဆိုင်ကယ်နောက်ကလိုက်ပါရင်းHotpotဆိုင်တစ်ဆိုင်ရောက်သွားရသည်။

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Where stories live. Discover now