Part 9

10.2K 794 4
                                    

မန္တလေးဆောင်းရာသီကမြစ်ကြီးနားသားတွေဖြစ်တဲ့ညီလင်းညိုနဲ့ချစ်ပုံအတွက်သိပ်မအေးပေ။ပူအိုက်တဲ့ရာသီဥတုလည်းမဟုတ်တာကြောင့်ညီလင်းညိုနဲ့ချစ်ပုံ ကုတင်ကျဉ်းကျဉ်းလေးထက်ပူးကပ်အိပ်၍လည်းကျဉ်းတယ်လို့မထင်ရပေ။

ညီလင်းညို ချစ်ပုံနဲ့စောင်တစ်ခုထဲခြုံထားကာချစ်ပုံရဲ့လက်မောင်းလေးကိုကိုင်ထားသည်။ချစ်ပုံရဲ့ကိုယ်ငွေ့နွေးနွေးလေးရနေလို့ညီလင်းညိုရဲ့မူမမှန်ဖြစ်ချင်လာတဲ့ရင်ခုန်သံတွေကိုထိန်းချုပ်လိုက်ရသည်။

ဘေးကုတင်ပေါ်ကညီလင်းညိုရဲ့အခန်းဖော်ကတော့ဂိမ်းဆော့နေသည်။တစ်ချက်တစ်ချက်လည်းထထဆဲသေး၏။ညီလင်းညို ချစ်ပုံရဲ့လက်မောင်းကိုခပ်တင်းတင်းဆုပ်ကိုင်ကာလေသံလေးနဲ့မေးလိုက်သည်။

"ချစ်ပုံ"

"အွန်း"

"ကြောက်နေခဲ့တာလား"

ညီလင်းညိုရဲ့အသံကသိပ်မကျယ်ပေမယ့်ချစ်ပုံနဲ့အနီးကပ်ဆုံးနေရာမှာရှိနေတာကြောင့်ချစ်ပုံ ရှင်းရှင်းလင်းလင်းကြားရပြီးနှလုံးသားထဲအထိလုံခြုံနွေးထွေးသွားစေသည်။

"ဟင့်အင်း အစကတော့ကြောက်ပေမယ့်ငါ့မှာကိုကိုရှိတယ်လို့တွေးလိုက်တော့မကြောက်တော့ဘူး"

"အင်း"

"အဲ့တာကြောင့် ကိုကို့ဆီငါလာခဲ့တာ ငါ တော်တယ်မလား"

"အင်း တော်တယ်"

"ကိုကို အနာဂါတ်မှာငါကြောက်‌နေခဲ့ရင်ရော....."

"အင်း ကြောက်နေတဲ့အခါကိုကို့နာမည်လေးကိုသာရေရွတ်လိုက်ကိုကိုရောက်အောင်လာခဲ့မှာ"

"အင်း"

ချစ်ပုံ ညီလင်းညိုရဲ့ရင်ခွင်ထဲတိုးဝင်သွားပြီးညီလင်းညိုကိုတင်းနေအောင်ဖက်ထားလိုက်လေသည်။ညီလင်းညိုလည်းချစ်ပုံရဲ့ကျောလေးကိုပုတ်ပေးပြီးချစ်ပုံရဲ့နှလုံးသားလေးကိုနွေးထွေးစေလိုက်သည်။

ချစ်ပုံ တစ်ဖက်ကုတင်ပေါ်ကအခန်းဖော်ရဲ့ဂိမ်းဆော့ရင်းဆဲရေးသံတွေကပင်မကြမ်းတမ်းသလိုခံစားလိုက်ရသည်။

_________

ညီလင်းညို မနက်စာအတွက်မုန့်ဟင်းခါးဝယ်ကာအဆောင်ပြန်လာခဲ့သည်။ချစ်ပုံကိုမနိုးလောက်သေးဘူးလို့ထင်ခဲ့ပေမယ့်အဆောင်ရောက်တော့ချစ်ပုံကကုတင်ပေါ်မှာထိုင်ပြီးညီလင်းညိုရဲ့အဝတ်အစားတွေကိုခေါက်နေသည်။

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Hikayelerin yaşadığı yer. Şimdi keşfedin