Part 17

7.8K 643 7
                                    

ဟိန်းထက်နဲ့မင်းသူထွန်းကအပ်ချုပ်စက်ကိုညီလင်းညိုတို့အခန်းထဲသယ်လာ၏။အဆောင်ခန်းကကျဉ်းလွန်းတာကြောင့်အပ်ချုပ်စက်ကိုဘယ်နားထားလို့ထားရမှန်းမသိဖြစ်နေလေသည်။ညီလင်းညို အပ်ချုပ်စက်ကို မ ပြီးအဆောင်ဝရံတာ‌တွင်ထားလိုက်သည်။အဆောင်ရှိဝရံတာလေးကကျဉ်းပေမယ့်အပ်ချုပ်စက်ထားဖို့တော့နေရာရှိသည်။

ချစ်ပုံ ရေချိုးပြီးအပေါ်တက်လာတော့ဝရံတာတွင်အပ်ချုပ်စက်ကိုတွေ့သည်။ချစ်ပုံရဲ့မျက်လုံးလေးတွေကတလက်လက်တောက်ပသွားကာအပ်ချုပ်စက်လေးထံအပြေးသွားလိုက်သည်။

"ကိုကိုရေ"

ညီလင်းညို ချစ်ပုံအော်သံကြောင့်ဝရံတာကိုရောက်လာ၏။ချစ်ပုံကပျော်ရွှင်နေပြီးအပ်ချုပ်စက်လေးကိုတယုတယပွတ်သပ်နေသည်။ညီလင်းညို ချစ်ပုံရဲ့ပျော်ရွှင်နေတဲ့ပုံစံလေးကြောင့်ရင်ထဲကြည်နူးသွားသည်။

ချစ်ပုံကပခုံးကျော်ကျော်ဆံပင်လေးတွေကိုနားရွက်ကြားတွင်ညှပ်ထားသည်။နားရွက်ဖြူဖြူလေးကချစ်စရာကောင်းအောင်ပေါ်နေပြီးကော့တက်နေတဲ့နှုတ်ခမ်းတစ်စုံကြောင့်ပါးလေးကချစ်စရာကောင်းနေသည်။

ညီလင်းညို ချစ်ပုံကိုငေးကြည့်နေမိပြီးနှလုံးသားလေးကတဒိတ်ဒိတ်ခုန်လာသည်။ညီလင်းညို ချစ်ပုံကိုဘယ်အချိန်ကစ၍ချစ်ခဲ့မိတာလဲ။ညီလင်းညို မသိပါ။ညီလင်းညို သိလိုက်ရတာကချစ်ပုံကိုတိတ်တခိုးငေးကြည့်မိသည့်အချိန်တိုင်းချစ်ပုံကိုသိပ်ချစ်တယ်ဆိုတာသေချာနေတာကိုပင်။

"ကိုကို ကိုကိုဝယ်ခဲ့တာလား"

"ဟုတ်တယ် ချစ်ပုံကြိုက်ရဲ့လား"

"အင်း ကြိုက်တာပေါ့"

"ကင်းချည်စက်ကတော့ကိုကိုနောက်လမှဝယ်ပေးမယ်"

"အင်း ကိုကို ငါအရမ်းပျော်တာဘဲ"

ညီလင်းညို ပြုံးလိုက်ကာချစ်ပုံရဲ့ဆံပင်လေးတွေကိုဖွသည်။ညီလင်းညိုရဲ့အပြုအမူတွေကညင်သာပြီးကြင်နာမှုတွေအပြည့်။

"ချစ်ပုံ ပျော်ရင်ပြီးရော"

ချစ်ပုံကအလွန်ပျော်ရွှင်နေပြီးတစ်ညနေလုံးအပ်ချုပ်စက်အနားမှမခွာပေ။ညီလင်းညိုတစ်ယောက်ချစ်ပုံကိုအပ်ချုပ်စက်အနားမှဆွဲထုတ်လာမှချစ်ပုံကအဆောင်ခန်းထဲဝင်လေသည်။

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Donde viven las historias. Descúbrelo ahora