Part 12

9.2K 684 34
                                    

ညီလင်းညို မုန့်ဟင်းခါးဝယ်ဖို့အဆောင်ရှေ့ထွက်လာသည်။မုန့်ဟင်းခါးဆိုင်ဘေးကကုန်စုံဆိုင်ကိုမြင်တော့ချစ်ပုံအတွက်ခေါင်းစည်းကြိုးဝယ်ရန်သတိရလိုက်သည်။ညီလင်းညို ကုန်စုံဆိုင်လေးထဲဝင်ကာမှန်ကောင်တာထဲကခေါင်းစည်းကြိုးလေးတွေကိုကြည့်သည်။ဖဲစနဲ့ချုပ်ထားတဲ့ခေါင်းစည်းကြိုးတွေကိုမြင်တော့အဝါရောင်နဲ့အနီရောင်လေးဝယ်ရန်ဆုံးဖြတ်လိုက်သည်။

"ညီမ အဝါနဲ့အနီနှစ်ကွင်းယူမယ် ဘယ်လောက်လဲ"

"ဟုတ် တစ်ကွင်းငါးရာအကို အဝါယူမလို့လား အဝါကအပေမခံဘူးအကိုရဲ့ တခြားအရောင်ယူပါလား"

ကုန်စုံဆိုင်ကကောင်မလေးကခေါင်းစည်းကွင်းကိုမှန်ကောင်တာထဲမှထုတ်ရင်းပြောသည်။

"ရတယ် ပေသွားရင် အကိုလျှော်လို့ရပါတယ်"

ကုန်စုံဆိုင်ကကောင်မလေးခေါင်းစည်းကွင်းတွေကိုအိတ်ထဲထည့်နေရင်းမှညီလင်းညိုကိုတအံ့တဩကြည့်လာသည်။

"အကို့ကောင်မလေးကတကယ်ကံကောင်းတာဘဲ"

ညီလင်းညို အိတ်လေးကိုယူပြီးပိုက်ဆံရှင်းသည်။ကုန်စုံဆိုင်ကကောင်မလေးပြောတဲ့စကားကိုစဉ်းစားမိတော့ညီလင်းညိုရဲ့နှုတ်ခမ်းလေးကကော့တက်လာသည်။

ညီလင်းညို မုန့်ဟင်းခါးဝယ်ပြီးအဆောင်ပြန်လာသည်။အဆောင်ခန်းထဲတွင်ချစ်ပုံကညီလင်းညိုရဲ့ကျောင်းအင်္ကျီကိုမီးပူတိုက်နေသည်။တဖက်ကုတင်တွင်ဟိန်းထက်နဲ့မင်းသူထွန်းကထိုင်နေသည်။

ချစ်ပုံ ညီလင်းညိုရဲ့အင်္ကျီကိုချိတ်နဲ့ချိတ်သည်။ပုဆိုးကိုပြန့်နေအောင်မီးပူတိုက်ပြီးသပ်သပ်ရပ်ရပ်ခေါက်ထားသည်။

"ချစ်ပုံ မနက်စာစားရအောင်"

"အင်း ကိုကို ပေး ငါပန်းကန်ထဲထည့်လိုက်မယ်"

ချစ်ပုံ ညီလင်းညိုလက်ထဲကမုန့်ဟင်းခါးထုပ်လေးကိုယူပြီးပန်းကန်လုံးထဲထည့်သည်။ညီလင်းညို ခေါင်းစည်းကြိုး‌လေးထုတ်ကာနောက်မှနေ၍ချစ်ပုံရဲ့ဆံပင်လေးကိုခပ်လျော့လျော့ချည်ပေးလိုက်သည်။ချစ်ပုံရဲ့မျက်လုံးလေးတွေကတလက်လက်တောက်ပလာ၏။

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Donde viven las historias. Descúbrelo ahora