Part 27

7.7K 576 5
                                    

ချစ်ပုံ ပိတ်စလေးတွေကိုရွေးနေ‌သည်။ဒေဝီမျိုး မှာလိုက်သည့် ပိတ်စတွေက သုံးထပ်မြောက်တွင်ရှိတာဖြစ်သည်။ချစ်ပုံ ပိတ်စတွေကိုရွေးယူတုန်း ဝန်ထမ်းမလေးတချို့စကားပြောနေသံကို ချစ်ပုံ ကြားရသည်။

"သူဌေးမက သူ့ကောင်လေးပစ်သွားတာခံလိုက်ရပြီထင်တယ်"

"သူက ကောင်လေးငယ်ငယ်လေးနဲ့တွဲတာကိုး"

"ဒါနဲ့ဆို ဘယ်နှစ်ယောက်တောင်ရှိနေပြီလဲ"

"ငွေဘဲကြည့်ပြီး ကပ်ကြတာလေ သူကလည်းအမ်းနိုင်တာကို"

"ဟယ် သနားပါတယ် သူကမိန်းမအစစ်မှ မဟုတ်ဘဲ အပျော်ဘဲကြံခံရတာပေါ့"

"ဟား ဟား အေးနော် မိန်းမ မစစ်တော့လည်း နစ်နာစရာမရှိပါဘူး"

"ဒါပေမယ့် ဒီအခုကောင်လေးနဲ့က တစ်နှစ်လောက်ရှိပြီဆိုတော့ မြဲပြီထင်နေတာ"

ချစ်ပုံ ဒေါသထွက်လာပေမယ့် ဘာမှမပြောတော့ဘဲ တိတ်တဆိတ်သာနေလိုက်သည်။တကယ်လည်း ဒေဝီမျိုးရဲ့အချစ်ရေးကရှုပ်ထွေးသည်။ချစ်ပုံ ပိတ်စတွေကိုသေချာရွေးယူပြီး အပေါ်ထပ်တက်သည်။ဒေဝီမျိုးက ရုံးခန်းထဲတွင် ထိုင်နေသည်။ချစ်ပုံ ပိတ်စတွေကို စားပွဲပေါ်တင်လိုက်သည်။

ဒေဝီမျိုးကပိတ်စတွေကိုကြည့်သည်။ဒေဝီမျိုးရဲ့နှုတ်ခမ်းနီရဲရဲက အရိုင်းဆန်စွာ လှပနေသည်။မသိသာပေမယ့် နီရဲနေတဲ့ ဒေဝီမျိုးရဲ့မျက်လုံးတစ်စုံက နာကျင်နေဟန်။ချစ်ပုံ မေးလိုက်‌ချင်ပေမယ့် ‌ဘောင်ကျော်သွားမှာစိုးပြီး မမေးတော့ပေ။

"ချစ်ပုံ ညနေ ငါ့ အိမ်ကိုလိုက်ခဲ့ပါလား"

ဒေဝီမျိုးရဲ့စကားသံထွက်ပေါ်လာသည်။ချစ်ပုံ အံ့ဩသွားပေမယ့် ချက်ချင်းခေါင်းမညိတ်ပေ။

"ကျွန်တော် ကိုကို့ကိုphဆက်လိုက်ဦးမယ်"

"အင်း"

ချစ်ပုံ phလေးထုတ်ကာ ညီလင်းညိုထံphဆက်လိုက်သည်။

"ဟယ်လို ကိုကို ငါဒီနေ့ bossအိမ်လိုက်သွားမလို့"

"......"

"အင်း phပြန်ဆက်လိုက်မယ်လေ"

"......."

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Where stories live. Discover now