Part 3

12.7K 943 38
                                    

ညီလင်းညိုနဲ့ချစ်ပုံ စက်ဘီး‌‌လေးစီးကာကျောင်းမှအိမ်ကိုပြန်လာတော့အိမ်ရှေ့တွင်အဖေကကြိမ်လုံးကိုင်ကာစောင့်နေသည်။ချစ်ပုံ လွယ်အိတ်ကြိုးလေးကိုမသိလိုက်မသိဘာသာညှစ်လိုက်မိသည်။ချစ်ပုံ စက်ဘီးပေါ်မှဆင်းပြီးအိမ်ထဲဝင်သွားလိုက်သည်။ညီလင်းညို စက်ဘီးကိုဒေါက်ထောက်လိုက်ကာချစ်ပုံရဲ့အိမ်ထဲလိုက်ဝင်သည်။

ဦးကောင်းမြတ်ကချစ်ပုံရဲ့လွယ်အိတ်ကိုဆွဲယူပြီးသွန်ချလိုက်သည်။စာအုပ်တွေနဲ့အတူအရုပ်ကဒ်ပြားလေးတွေကျလာသည်။ဦးကောင်းမြတ်ရဲ့မျက်နှာကချက်ချင်းမှောင်မိုက်သွားသည်။ချစ်ပုံရဲ့လက်မောင်းကိုဆွဲလိုက်ပြီးပေါင်ကိုအားနဲ့ရိုက်သည်။

ရွှမ်း!!

"ငါမင်းကိုဒီလိုဟာတွေမဆော့လို့ဘယ်နှစ်ခါပြောရမလဲ တောက် ရွံစရာကောင်းလိုက်တဲ့ကောင်"

"အဖေ အီးဟီးဟီး"

"ဦးလေး မရိုက်ပါနဲ့"

ညီလင်းညို လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာတားသည်။ဦးကောင်းမြတ်ကတော့ဆက်တိုက်ရိုက်နေသည်။ညီလင်းညို ချစ်ပုံလေးကိုဆွဲလိုက်သည်။

"ဦးလေး မရိုက်နဲ့ ချစ်ပုံကဘာအပြစ်လုပ်လို့လဲ"

"ငါ့ကလေးငါဆုံးမတာ မင်းဖယ်"

"မဖယ်ဘူး"

ဦးကောင်းမြတ် ဒေါသတကြီးကြိမ်ကိုလွှဲရိုက်လိုက်ရာချစ်ပုံရဲ့ကျောကိုထိသည်။ညီလင်းညို စိတ်တိုလာသည်။ချစ်ပုံကိုရင်ခွင်ထဲထည့်ကာအပြည့်အဝအကာအကွယ်ပေးပြီးအော်ပြောလိုက်သည်။

"မရိုက်နဲ့လို့"

ဦးကောင်းမြတ် ဒေါသကြောင့်သွေးတိုးလာသလိုခံစားရလိုက်သည်။

"ညီလင်းညို ဖယ်စမ်း"

"မဖယ်ဘူး ချစ်ပုံကိုမရိုက်နဲ့"

ဦးကောင်းမြတ်  ကြိမ်လုံးကိုပစ်ချကာအိမ်ထဲဝင်သွားသည်။ညီလင်းညို ချစ်ပုံရဲ့မျက်နှာလေးကိုလက်ခုပ်ထဲထည့်ကာမျက်ရည်လေးတွေကိုသုတ်ပေးလိုက်သည်။

"ကိုကို အဟင့်"

"ချစ်ပုံ မငိုနဲ့ ကိုကို ကလစ်လှလှလေးတွေဝယ်ပေးမယ် နော်"

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Où les histoires vivent. Découvrez maintenant