Part 36(final)

21K 927 71
                                    

ပြုံးချိုသာကချစ်ပုံနဲ့ညှိနှိုင်းပြီး ချစ်ပုံကိုလျှော်ကြေး သိန်းသုံးရာပေးသည်။ဒေဝီမျိုးနဲ့ချစ်ပုံရဲ့ ဖက်ရှင်ရှိုးပွဲကြီးက နောက်ရွေ့လိုက်ရ‌ပေမယ့်အောင်မြင်ခဲ့ပြီး ညီလင်းညိုနဲ့ချစ်ပုံ ထိုင်းနိုင်ငံကိုသွားသည်။ချစ်ပုံ လိင်ပြောင်းရန် စိတ်ကျန်းမာရေး ဆရာဝန်ထံမှ ထောက်ခံစာရယူပြီး ဟော်မုန်းဆရာဝန်ထံမှလည်း လိုအပ်သည့်ဆေးများယူခဲ့သည်။

ချစ်ပုံ ညီလင်းညိုလက်ကိုဆုပ်ကိုင်ထားသည်။ညီလင်းညိုက ချစ်ပုံ ကိုအားပေးအပြုံးလေးပြုံးပြသည်။ချစ်ပုံ ခွဲစိတ်ခန်းထဲဝင်တော့ ညီလင်းညိုက အပြင်တွင်စောင့်နေ၏။လေးနာရီကြာခွဲစိတ်မှု အပြီးတွင် ချစ်ပုံရဲ့ခွဲစိတ်မှုအောင်မြင်ပြီးစီးသွားသည်။ချစ်ပုံ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေပြီး ညီလင်းညိုက ဘေးတွင် အသီးခွာနေ၏။

ချစ်ပုံ တစ်ကိုယ်ကိုနာကျင်နေသည်။ချစ်ပုံ မျက်တောင်လေးတွေလှုပ်ရှားလာကာ နိုးလာသည်။ညီလင်းညို ချစ်ပုံနှဖူးကိုခပ်ဖွဖွလေးနမ်းသည်။

"အရမ်းနာနေလား"

"အင်း နည်းနည်း"

"ဆရာဝန်က အရမ်းနာရင် ဆေးထိုးပေးမယ်တဲ့"

ညီလင်းညို ချစ်ပုံ လက်ကလေးကိုကြင်နာစွာဆုပ်ကိုင်ရင်း ပြောသည်။ခွဲစိတ်ပြီး ပထမတစ်ရက်နှစ်ရက်တွင် ခန္ဓာကိုယ်မှ အပြင်းအထန်နာကျင်ရကြောင်း ညီလင်းညို စာထဲတွင်ဖတ်ခဲ့ရသည်။

"ဟင့်အင်း အဆင်ပြေပါတယ် ဆီးပိုက်တပ်ထားတော့ နေရတာတစ်မျိုးဘဲ"

ချစ်ပုံ ခန္ဓာကိုယ်မှကွာခြားချက်များကို ခံစားရင်း အိပ်မက်တွေတကယ် ဖြစ်မြောက်သွားတာကို ခံစားရသည်။ချစ်ပုံ‌ ပျော်သည်။ချစ်ပုံ မိန်းကလေးတစ်ယောက်ဖြစ်ခဲ့ပြီ။

"တစ်ပတ်လောက်နေရင် ချုပ်ရိုးဖြုတ်လို့ရပြီ"

"အမာရွတ်ထင်နေမှာလား"

"အင်း နည်းနည်းပေါ့ ဆရာဝန်ကတော့ အမာရွတ်မကျန်အောင်လုပ်ပေးမယ်တဲ့ ဒါပေမယ့် ခွဲစိတ်မှတော့ အမာရွတ်ကရှိမှာဘဲလေ"

"အင်း"

"ဟို ကိုကို tamponsတွေဝယ်ထားတယ် သားအိမ်လမ်းကြောင်းအသစ်လုပ်ထားရလို့ သွေးဆင်းမယ်တဲ့ ခဏခဏလဲပေးရမှာ"

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Onde histórias criam vida. Descubra agora