ချစ်ပုံ Chit poneဆိုတဲ့Account Nameလေးနဲ့Facebook Accountဖွင့်လိုက်သည်။အဆောင်ကညီလင်းညိုသူငယ်ချင်းတွေကချစ်ပုံကိုလာAddကြ၏။ချစ်ပုံရဲ့Phone contactတွင်လည်း Co Coဆိုတဲ့ numberလေးတစ်ခုသာရှိလေသည်။
ကျောင်းဖွင့်ရက်နီးလာတော့အဆောင်ကိုကျောင်းသားများစွာရောက်လာသည်။ကျောင်းသားတချို့ကချစ်ပုံကိုတွေ့တော့နှာခေါင်းရှုံ့ကြသည်။ညီလင်းညိုနဲ့ချစ်ပုံကတော့ထိုလူတွေကိုဂရုမစိုက်ပေ။လုပ်စရာရှိရာသာလုပ်ပြီးထိုလူတွေကိုလျစ်လျှူရှုထားကြသည်။
Decemberလတစ်ရက်နေ့တွင်ညီလင်းညိုတို့ကျောင်းဖွင့်ပြီ။ချစ်ပုံကတော့မြစ်ကြီးနားတက္ကသိုလ်တွင်တက်ခွင့်မရှိတော့ပေ။ညီလင်းညို ကျောင်းသွားရင်ချစ်ပုံကအဆောင်မှာဘဲနေခဲ့ရမည်ဖြစ်သည်။
ချစ်ပုံ ကိုကို့ရဲ့ကျောင်းဝတ်စုံလေးကိုကော့ပြန်နေအောင်မီးပူတိုက်သည်။TU ကျောင်းဝတ်စုံလေးနဲ့ကိုကိုကသိပ်ကိုလိုက်ဖက်သည်။ချစ်ပုံ ကိုကို့ရဲ့ချောမောခံ့ညားတဲ့ပုံစံလေးကိုကြည့်ပြီးစိတ်ထဲမှလေးစားအားကျရသည်။ချစ်ပုံလည်းကိုကို့လိုပုံမှန်အတိုင်းယောကျာ်းဆန်ဆန်သာဖြစ်တည်ခဲ့ရင်အဖေတို့ကစွန့်ပစ်မည်မဟုတ်ပေ။
"ချစ်ပုံ ကိုကိုကျောင်းအပ်ပြီးရင်ပြန်ခဲ့မယ်နော်"
"ကိုကို့သူငယ်ချင်းတွေနဲ့လျှောက်မလည်တော့ဘူးလား"
"တော်ပြီ ချစ်ပုံ ပျင်းနေမှာစိုးလို့ကိုကိုပြန်ခဲ့မယ် ဟိုကောင်တွေနဲ့ကကျောင်းမှာတစ်ချိန်လုံးတွေ့နေရမှာ"
"အွန်းပါ ဒါနဲ့ကိုကို ငါဆံပင်အရှည်ထားမလို့"
"ထားလေ ချစ်ပုံ ကိုကိုခေါင်းစည်းကွင်းလှလှလေးတွေဝယ်ပေးမယ်"
"အွန်း"
အခုချစ်ပုံရဲ့ဆံပင်ကကုပ်ဝဲပုံစံလေးဖြစ်နေပြီးချစ်ပုံကဂျပန်မလေးလိုပင်ချစ်စရာကောင်းသည်။ညီလင်းညို ချစ်ပုံကိုမြင်လိုက်တာနဲ့ဆံပင်လေးတွေကိုမကိုင်ရမနေနိုင်ပေ။ညီလင်းညို ချစ်ပုံရဲ့ဆံပင်လေးတွေကိုဖွလိုက်သည်။
"အားနေ ဒီဆံပင်ဘဲလာဖွနေတာဘဲ"
"ဟား ကိုကိုကချစ်လို့ကို"
ŞİMDİ OKUDUĞUN
ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)
Romantizmမင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် Start Date 10.1.2022 Ended Date 18.5.2022