Part 7

10K 792 13
                                    

ချစ်ပုံ ထိုင်ခုံပေါ်တွင်တောင့်တောင့်ကြီးထိုင်နေမိသည်။အဖြစ်အပျက်တွေကမြန်ဆန်လွန်းလို့ချစ်ပုံဦးနှောက်ကလိုက်မမှီတော့ပေ။ချက်ချင်းလက်ငင်းချစ်ပုံကမိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံလိုက်ရသည်။

"ချစ် ချစ်ပုံ..."

မင်းထက်နိုင်က‌ချစ်ပုံရှေ့ကထိုင်ခုံတွေဝင်ထိုင်ကာခေါ်သည်။ချစ်ပုံရဲ့မျက်လုံးတွေကဝမ်းနည်းမှုတွေထင်ဟပ်နေပြီးလှပတဲ့မျက်တောင်လေးတွေကစိုစွတ်လာသည်။မင်းထက်နိုင် ချစ်ပုံရဲ့ပခုံးကိုထိလိုက်ချင်ပေမယ့်မဝံ့မရဲဖြစ်နေသည်။

"မင်း ဘာဆက်လုပ်မလဲ"

ချစ်ပုံ ထရပ်လိုက်သည်။ပြိုကျလာတော့မယ့်မျက်ရည်တွေကိုမျက်တောင်လေးပုတ်ခတ်ကာတားဆီးလိုက်ပြီးမခြောက်သေးတဲ့ဂါဝန်လေးကိုကိုင်သည်။

"ငါ ကိုကို့ဆီသွားမယ်"

"ဟမ် ညီလင်းညိုကမန္တလေးမှာလေ မင်းဘယ်လိုသွားမှာလဲ"

"ငါ ရထားဖြစ်ဖြစ် ကားဖြစ်ဖြစ်စီးသွားမယ်"

"သူကဘယ်မှာနေတာလဲဆိုတာမင်းမသိဘဲနဲ့"

"ငါ phဆက်လိုက်မယ် ကိုကို့ph noကိုငါအလွတ်ရတယ် မင်းph ခဏပေး"

မင်းထက်နိုင်ကph‌လေးထုတ်ပေးကာချစ်ပုံကိုပေးလိုက်သည်။ချစ်ပုံ ph numberလေးကိုရိုက်နေရင်းလက်တွေတုန်ရီလာသည်။phကဝင်သွားပါ၏။

တူ... တူ.... တူ....

သို့သော်ကိုကိုကမကိုင်ပါချေ။ချစ်ပုံ ဆက်တိုက်ခေါ်သည်။phဝင်သံနဲ့အမျှနှလုံးခုန်သံတွေကဆူညံနေပြီးphကိုင်ထားတဲ့လက်ဖဝါးလေးကလည်းချွေးတွေထွက်လာသည်။

ချစ်ပုံ phလေးကိုမင်းထက်နိုင်ကိုပြန်ပေးလိုက်သည်။

"ငါ အင်္ကျီတွေကိုခဏနေလာပေးမယ်"

"မင်းကအခုဘယ်သွားမလို့လဲ"

"ငါ ...ငါအိမ်ပြန်မလို့"

ချစ်ပုံ ဂါဝန်အစိုလေးကိုကိုင်ကာအပြင်ထွက်သွားသည်။မင်းထက်ပိုင် ချစ်ပုံနောက်ကလိုက်ပြီးခေါ်သည်။

"ချစ်ပုံ"

ချစ်ပုံကခြံအပြင်ကနေ မင်းထက်ပိုင်ကိုလှည့်ကြည့်လာသည်။မင်းထက်နိုင် ဖိနပ်အပါးလေးတစ်ရံကိုမြောက်ပြသည်။ထိုအခါမှချစ်ပုံကိုယ့်ခြေထောက်ကိုကြည့်မိသည်။ချစ်ပုံ ခြေထောက်တွင်ဖိနပ်မရှိ။ခြေထောက်ကညစ်ပေနေသည်။

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Donde viven las historias. Descúbrelo ahora