ချစ်ပုံ ဂျင်းအိတ်လေးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ စားပွဲတွင်ထိုင်နေသည်။ချစ်ပုံရဲ့ရှေ့တွင် ညီလင်းညိုရဲ့အမေ ဒေါ်မမကောင်း။ချစ်ပုံ ခေါင်းလေးငုံ့ထား၏။စားပွဲပေါ်မှ ကော်ဖီခွက်လေးက အနည်းငယ်အထီးကျန်ဆန်နေ၏။လေထုက အေးစက်စွာပင် ကသိကအောက်နိုင်လှသည်။
ဒေါ်မမကောင်း ရှေ့မှချစ်ပုံရဲ့ပုံစံကို ကြည့်ပြီးစိတ်ထဲမှ ရွံမုန်းမိသည်။ချစ်ပုံကဆံပင်ရှည်ကို သေချာစည်းထားပြီး မိန်းကလေးတစ်ယောက်လို ဝတ်ဆင်လိမ်းခြယ်ထားသည်။သဘာဝနှင့်ဆန့်ကျင်သည့် ဘုရားမကြိုက် နတ်မကြိုက်ပုံစံက ချစ်ပုံကိုယ်ပေါ်တွင်အထင်းသား။ယောကျာ်းတစ်ဦးဖြစ်ပါလျက် ထဘီဝတ်ထားသည်။ရွံရှာစရာကောင်းလွန်းသည်။သို့သော် ဒေါ်မမကောင်းမျက်နှာပေါ်တွင်တော့အပြုံးတစ်ပွင့်ကရှိနေသည်။
"သား ကောင်းမြတ်"
"ဟုတ် ဟုတ်ကဲ့"
"သားညီလင်းညိုနဲ့ ကောင်းမြတ်က ချစ်သူတွေဆို"
"ဗျာ ကိုကိုပြောတာလား"
"အင်း သားကမနေ့က အန်တီ့ကိုပြောတယ်"
ချစ်ပုံ ခေါင်းလေးညိတ်လိုက်သည်။ဒေါ်မမကောင်းရင်ထဲတွင် ကမ္ဘာပျက်နေ၏။ချစ်ပုံနဲ့တော့ သားဖြစ်သူကိုသဘောမတူနိုင်ပေ။ညီလင်းညိုရဲ့ ph wallpaperတွင် ချစ်ပုံရဲ့ဓာတ်ပုံကိုမြင်ပြီး ချစ်ပုံ pH noကို ယူထားတာဖြစ်သည်။ညီလင်းညို ကိုမေးချင်ပေမယ့် သားဖြစ်သူက ခေါင်းမာမည်ကို စိုးရိမ်ပြီး ချစ်ပုံကိုသာခေါ်ထုတ်မေးရခြငါးဖြစ်သည်။
"ကောင်းမြတ် သား ညီလင်းညိုကိုတကယ်ချစ်တာလား"
"ဟုတ် တကယ်ချစ်တာပါ"
"ဒါဆို ညီလင်းညိုကို လူတွေက အခြောက်မနဲ့တွဲတယ်လို့ ပြောခံရမှာကို မစိုးရိမ်ဘူးလား"
ချစ်ပုံရင်ထဲ ဆူးတစ်ချောင်းကနှစ်ဝင်သွားသည်။ချစ်ပုံ ဒီအကြောင်းတွေကိုတွေးခဲ့ပေမယ့် တခြားသူပါးစပ်မှ ထွက်လာမည်ကိုတော့ ချစ်ပုံ မခံစားနိုင်ပေ။
"ကျွန်တော် ကျွန်တော်က...."
"အန်တီကလေ ကောင်းမြတ်ကို ငယ်ထဲကထိန်းခဲ့ရတာ ကောင်းမြတ်ကို ချစ်ပါတယ် ဒါပေမယ့် ညီလင်းညိုရဲ့လက်တွဲအဖြစ်တော့ လက်မခံနိုင်ဘူး သားရယ် အန်တီ့စိတ်ကို နားလည်တယ်မလား သားညီလင်းညိုကလည်း ငယ်ထဲကချစ်ပုံကို ချစ်တာ ချစ်သူလိုချစ်တာနဲ့ ညီလေးလို ချစ်တာကိုရောထွေးနေတာထင်တယ်"
BẠN ĐANG ĐỌC
ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)
Lãng mạnမင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် Start Date 10.1.2022 Ended Date 18.5.2022