Part 29

8.1K 622 12
                                    

<Unicode>
ချစ်ပုံ ကားလေးပေါ်မှပန်ဝါမြို့လေးကိုကြည့်နေသည်။ညအချိန်မှာတောင် နှင်းလွှမ်းနေသည့် ပန်ဝါမြို့လေးက သိပ်လှသည်။တစ်ချက်တစ်ချက်တိုက်ခတ်လာသည့် ဆောင်းလေကြောင့် ချစ်ပုံ တစ်ကိုယ်လုံး အေးစက်သွားသည်။ချစ်ပုံ လည်းစည်းပဝါလေးကို တင်းတင်းကြပ်ကြပ်ပတ်လိုက်ထားသည်။ချစ်ပုံ မြင်ကွင်းထဲမှ ပန်ဝါမြို့လေးက တဖြည်းဖြည်းမှိန်ပြလာသည်။

ချစ်ပုံ နှလုံးသားတစ်ခုလုံးက ညီလင်းညိုထံတွင် ကျန်ရစ်ခဲ့သည်။နှလုံးသားနှင့် ဝေးလာသည်နှင့်အမျှ ချစ်ပုံ အသက်ရှုမဝဖြစ်လာသည်။မွန်းကြပ်ပိတ်လှောင်သည့်ခံစားချက်ကြောင့် ချစ်ပုံ မျက်ရည်လေးတွေရစ်ဝိုင်းလာသည်။ချစ်ပုံ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မျက်ရည်တွေကို တားဆီးလိုက်သည်။

ကိုကို သူ့ကိုမနက်မှာ ရှာမတွေ့ရင် မုန်းသွားမည်လား။ချစ်ပုံ မစဉ်းစားချင်ပေ။ကိုကိုက ချစ်ပုံနှင့်မတူ ကိုကို့ဘဝကြီးက ချစ်ပုံဆွဲချရမည့်အရာမဟုတ်။ချစ်ပုံ contactထဲမှ ကိုကို့ph noကို blockလိုက်သည်။Facebookတွင်လည်း blockလိုက်သည်။Ph wallpaperပေါ်မှ ကိုကိုနဲ့သူ့ရဲ့ ဘွဲ့ဝတ်စုံလေးနဲ့ ပုံကိုတော့ ချစ်ပုံ မဖျက်ရက်ပေ။ကားလေးကငြိမ်သက်သွားသည်။

နေရောင်ကတိမ်တိုက်ကြားမှ ထိုးထွက်လာပြီ။ချစ်ပုံ ကားလေးပေါ်မှဆင်းကာ ခရီးဆောင်အိတ်ကို အောက်ချသည်။မြစ်ကြီးနား ရာသီဥတုကအေးစိမ့်နေသည်။ချစ်ပုံ ဘူတာထံလမ်းလျှောက်သွားလိုက်သည်။ချစ်ပုံ နှလုံးသားကတော့ ဒဏ်ရာတွေအပြည့်။

"ချစ်ပုံ"

ချစ်ပုံ ရင်းနှီးနေတဲ့အသံကြောင့် နောက်လှည့်ကြည့်လိုက်သည်။

"ဘယ်လိုပုံစံ ဖြစ်နေရတာလဲ သားရယ်"

ချစ်ပုံ မျက်လုံးတွေကနီရဲနေကာ ဆို့နင့်နေသည့် ခံစားချက်ကြောင့် အသံမထွက်နိုင်ပေ။အမေက ဆိုင်ကယ်ပေါ်မှဆင်းကာ ချစ်ပုံလက်ကလေးကို ဆွဲကိုင်သည်။

"အမေနဲ့ အိမ်လိုက်ခဲ့ပါ"

"အ အ အဖေက...."

ချစ်ပုံ အသံမထွက်နိုင်ပေ။ချစ်ပုံရဲ့ခံစားချက်တွေက ရှုပ်ထွေးနေပြီး ဝမ်းနည်းမှု အားငယ်မှု နာကျင်မှုတွေက တစ်ကိုယ်လုံးကို အပိုင်သိမ်းထားသည်။

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Onde histórias criam vida. Descubra agora