Part 35

9.9K 679 23
                                    

တရားလိုရှေ့နေ့က ညီလင်းညိုကို ရာဇသတ်ကြီးပုဒ်မ(၃၀၂)လူသတ်မှုမှ ရာဇသတ်ကြီးပုဒ်မ(၃၀၄)လူသေစေမှုအဖြစ် ပြောင်းလဲတရားစွဲဆိုသည်။ညီလင်းညိုရဲ့ရှေ့နေ့က ကိုယ့်ကိုယ်ကိုခုခံပိုင်ခွင့် ရာဇသတ်ကြီးပုဒ်မ (၁၀၆)နှင့် ကာကွယ်သည်။တရားခွင်က ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်နေသည်။

‌ညီလင်းညိုရဲ့ရှေ့နေမှ ပြုံးဟန်သာကို သက်သေအဖြစ်တင်သွင်းသည်။ပြုံးဟန်သာနဲ့ချစ်ပုံရဲ့ ဖုန်းမှတ်တမ်းကို သက်သေတင်သွင်းပြီး ပြုံးဟန်သာမှလည်း ဦးထွန်းမြိုင်က ချစ်ပုံကို မုဒိန်းကျင့်ရန်ကြံစည်ကြောင်း ထွက်ဆိုသည်။ညီလင်းညိုရဲ့ရှေ့နေက ပြုံးဟန်သာသည်လည်း ချစ်ပုံကိုမုဒိန်းကျင့်ကြံစည်မှုတွင် အလိုတူကြံရာပါ ဖြစ်ကြောင်း အဆိုတင်သွင်းပြီး ပြုံးဟန်သာကိုလည်း တရားစွဲသည်။

စတုတ္တရုံးချိန်း ပြီးဆုံးသွားသည်။ချစ်ပုံ ရှေ့နေနှင့်သွားတွေ့သည်။ချစ်ပုံ အမှုရှုံးမှာစိုးရိမ်တာကြောင့် စိတ်မအေး။

"ရှေ့နေကြီး ကိုကို့အမှုအခြေအနေက ဘယ်လိုလဲဟင်"

"ဒီအတိုင်းဆို ညီလင်းညိုကမလွတ်ရင်တောင် ပြစ်ဒဏ်ကအတော်လေးလျှော့သွားမှာဘဲ"

ချစ်ပုံ မျက်နှာလေးကညှိုးငယ်သွားသည်။ချစ်ပုံ ကိုကို့ကိုထောင်မကျစေချင်ပေ။

"ကိုကိုက မလွတ်နိုင်တော့ဘူးလား"

"အခြေအနေတစ်ခုတော့ ရှိသေးတယ် လူတွေအများကြီး ညီလင်းညိုကိုလွတ်ပေးဖို့ ပါဝင်ထွက်ဆိုပေးရင်တော့ ညီလင်းညိုလွတ်နိုင်တယ်"

ချစ်ပုံ မျက်လုံးလေးတွေတောက်ပသွား၏။ချစ်ပုံ ရှေ့နေကိုသေချာကြည့်ကာ မေးလိုက်သည်။

"ဘယ်နှစ်ယောက်လောက်လဲ"

"လူအ‌ရေအတွက်ပေါ်မူတည်ပြီး တရားသူကြီးကဆုံးဖြတ်ပေးလိမ့်မယ်"

"ဟုတ် ကျွန်တော်ကြိုးစားမယ်"

"ပြုံးဟန်သာက ချစ်ပုံနဲ့ညှိနှိုင်းချင်တယ်တဲ့"

"ဟင်း အဲ့တာ ရှေ့နေကြီးဘဲ အဆင်ပြေသလို လုပ်လိုက်ပါ ကျွန်တော် သူ့ကိုခွင့်မလွတ်ပေမယ့် ကျွန်တော် သူ့ကိုအာရုံမစိုက်ချင်ဘူး"

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Unde poveștirile trăiesc. Descoperă acum