Part 11

9.7K 733 14
                                    

"အားးးး ကိုကိုရေ"

ချစ်ပုံရဲ့အသံကတစ်ဆောင်လုံးကိုကျယ်လောင်စွာရိုက်ခတ်သွားပြီးညီလင်းညိုရေချိုးနေရာမှအခန်းထဲကိုအပြေးရောက်လာ၏။ညီလင်းညိုရဲ့ကိုယ်ပေါ်မှရေစက်တွေကသူပြေးသွားတဲ့အဆောင်ကြမ်းပြင်လမ်းတစ်လျှောက်တွင်ရေစီးကြောင်း‌ထင်နေသည်။

ညီလင်းညို မြင်လိုက်ရတဲ့မြင်ကွင်း‌ကြောင့်ရင်ထဲထိတ်သွားသည်။ချစ်ပုံကကုတင်ပေါ်မှာငုတ်တုတ်ကြီးထိုင်နေပြီးphကိုင်ကာမျက်ရည်လေးတွေဝဲနေသည်။ညီလင်းညို ချစ်ပုံကိုကြည့်ကာမေးလိုက်သည်။

"ချစ်ပုံဘာဖြစ်လို့လဲ"

ချစ်ပုံ ရုတ်တရက်ညီလင်းညိုကိုဖက်လိုက်သည်။ညီလင်းညို ချစ်ပုံရဲ့မြန်ဆန်လွန်းတဲ့နှလုံးခုန်သံကိုအတိုင်းသားကြားနေရသည်။

"ကိုကို ငါလေ Designerသင်တန်းကျောင်းကိုတက်ရတော့မယ် ငါ့ကိုအခမဲ့သင်ကြားပေးမယ့်သူအဖြစ်ရွေးချယ်လိုက်တယ်တဲ့"

ချစ်ပုံ အသံကပျော်ရွှင်မှုတွေပြည့်နှက်နေပြီးညီလင်းညိုရဲ့ရင်ထဲလည်းပျော်ရွှင်မှုတွေပြည့်နှက်သွားသည်။ညီလင်းညို ချစ်ပုံကိုဖက်ထားရာမှဖယ်ခွာလိုက်ကာချစ်ရဲ့ဆံပင်လေးကိုဖွလိုက်သည်။

"ကိုကို့ရဲ့ချစ်ပုံကတကယ့်Luckyလေးပါလား ဘယ်နေ့စတက်ရမှာတဲ့လဲ"

"January တစ်ရက်နေ့တဲ့ ဟီး ဟီး ငါအရမ်းပျော်တာဘဲ ကျောင်းကလည်းပုသိမ်ကြီးမှာဘဲ‌ဆိုတော့ကိုကို့ကျောင်းနဲ့သိပ်မဝေးဘူးလေနော် ကိုကိုကျောင်းကပြန်ရင်ငါ့ကိုဝင်ကြိုရုံဘဲလေ သင်တန်းကလည်းသုံးလဘဲဆိုတော့အဆင်ပြေတယ် ဟီး အာ အဲ့တာဆိုကျောင်းသွားရင်ငါဘာဝတ်ရမလဲ ငါမိန်းကလေးလိုဝတ်ရင်သူတို့မကြိုက်ရင်ဘယ်လိုလုပ်မလဲ ငါကျောင်းမှာအနှိမ်ခံရရင်ရော"

ညီလင်းညို ချစ်ပုံရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီးစကားတွေဆက်တိုက်ပြောနေတာကိုရပ်တန့်စေလိုက်သည်။ပျော်ရွှင်မှုကနေစိုးရိမ်မှုကိုပြောင်းသွားတဲ့ချစ်ပုံရဲ့မျက်ဝန်းတွေကိုကြည့်ပြီးညီလင်းညိုပြုံးလိုက်သည်။

"ချစ်ပုံ"

"အင်း"

"ကိုယ့်ရဲ့ပျော်ရွှင်မှုကတခြားသူတွေရဲ့ပါးစပ်ဖျားပေါ်မှာမရှိပါစေနဲ့"

ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)Donde viven las historias. Descúbrelo ahora