"ချစ်ပုံ မင်း...."
မင်းထက်နိုင် ရေထဲပြေးဆင်းကာချစ်ပုံခါးလေးကိုဆွဲပြီးရင်ခွင်ထဲထည့်လိုက်သည်။မြစ်ရေကအေးစက်နေပြီးချစ်ပုံတစ်ကိုယ်လုံးကတောင့်တင်းနေသည်။မင်းထက်နိုင် ချစ်ပုံကိုပွေ့ကာမြစ်ကမ်းပေါ်တက်ခဲ့သည်။ချစ်ပုံရဲ့မျက်လုံးတွေကအေးစက်နေပြီးစကားတစ်ခွန်းမှမပြော။
"ကျစ် မင်းဘာလုပ်တာလဲ ဟမ် မင်းသေသွားမယ်ဆိုတာသိလား"
မင်းထက်နိုင်အသံကခပ်တင်းတင်း။ချစ်ပုံ မင်းထက်နိုင်ကိုနီရဲနေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်သည်။
"မင်း ငါ့ကိုလွှတ်"
"မင်းကစောက်ရူးလား"
"ငါ့ကိုလွှတ် အဟင့် ငါ့ကိုလွှတ်"
ချစ်ပုံ အသည်းအသန်ရုန်းကန်နေသည်။မင်းထက်နိုင် ချစ်ပုံကိုတင်းတင်းကြပ်ကြပ်ဖက်ထားပြီးအလွှတ်မပေး။မင်းထက်နိုင် ချစ်ပုံရေထဲဆင်းသွားတာမြင်တော့ထိတ်လန့်သွားမိသည်။ဒီလူသားပျောက်ကွယ်သွားမှာကသူအကြောက်ဆုံးအရာလိုပင်။
"ချစ်ပုံ ရှူးးးစိတ်လျှော့ စိတ်လျှော့"
"အဟင့် ငါ့ကိုလွှတ် ငါသေချင်တယ် ငါ့ကိုသေခွင့်ပေး"
"စိတ်လျှော့လေကွာ"
"ဟမ် မင်းတို့စောက်ခြောက်လို့ခေါ်တိုင်းငါကဘာမှမခံစားရဘူးထင်နေတာလား ငါလည်းလူပါဟ မင်းတို့ရဲ့ရွံတဲ့အကြည့်တွေကိုငါရင်မဆိုင်ချင်တော့ဘူး လွှတ်ပေး ငါ့ကိုလွှတ်"
ချစ်ပုံ မင်းထက်နိုင်ရဲ့ရင်ဘတ်ကိုလက်သီးဆုပ်လေးတွေနဲ့ထုပြီးအသည်းအသန်ရုန်းသည်။မင်းထက်နိုင် ချစ်ပုံလုပ်သမျှကိုငြိမ်ခံနေပြီးလမ်းပေါ်အထိပွေ့လာသည်။မင်းထက်နိုင် ပါးစပ်မှလည်းချစ်ပုံကိုချော့မော့လာသည်။
"ချစ်ပုံ စိတ်လျှော့ပါကွာ"
"မငိုပါနဲ့"
မင်းထက်နိုင် ချစ်ပုံကိုပွေ့လာပြီးအိမ်အထိခေါ်သွား၏။လမ်းလေးကတိတ်ဆိတ်နေပြီးရေစိုနေတဲ့လူနှစ်ယောက်သာလမ်းမီးတိုင်တွေအောက်တွင်မြင်ရသည်။ဒေါ်မမကောင်း ပြတင်းတံခါးမှတဆင့်ချစ်ပုံကိုမင်းထက်နိုင်ရဲ့ရင်ခွင်ထဲတွင်မြင်လိုက်သည်။ဒေါ်မမကောင်း ပြုံးကာပြတင်းတံခါးကိုပိတ်လိုက်သည်။
ŞİMDİ OKUDUĞUN
ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)
Romantizmမင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် Start Date 10.1.2022 Ended Date 18.5.2022