ချစ်ပုံ အလုပ်ခန်းလေးထဲဝင်ကာ pageမှ orderတွေကို ချုပ်နေသည်။ကိုယ်ပိုင်ဒီဇိုင်းအတွက်ကား ဘာတစ်ခုမှစဉ်းစားမရ။ဒေဝီမျိုး ပြောတာ မှန်သည်။ချစ်ပုံက သူ့ကို့လေးစားအားကျရင်း သူ့အရိပ်အောက်ကိုရောက်သွားသည်။အခု သူ့အရိပ်ကိုဖယ်လိုက်တော့ ချစ်ပုံကဘာမှမဟုတ်သေးပေ။
ချစ်ပုံ အထည်ကိုလက်စသတ်ပြီး packingထုပ်၏။မကြာခင် မပွင့်တို့ကအထည်တွေကိုလာယူမည်။ချစ်ပုံ အထည်တွေကိုသေချာထုပ်ကာ အလုပ်ခန်းထဲတွင်စီထားလိုက်သည်။ချစ်ပုံတို့ pageလေးက အတော်အသင့်အောင်မြင်လာပေမယ့် မပွင့်နဲ့မသဲကဒီဇိုင်းပိုင်းနဲ့ page စီမံခန့်ခွဲမှုသာတာဝန်ယူထားတာကြောင့် ချစ်ပုံတစ်ယောက်ထဲသာ အထည်ချုပ်ပြီး packingထုပ်ရသည်။
ချစ်ပုံရဲ့ချုပ်ရိုးချုပ်သားကကောင်းပြီး သေသပ်တာကြောင့်လည်း မပွင့်တို့ကစိတ်ချသည်ထင်သည်။ နောက်အထည်တွေများလာရင်တော့ အထည်ချုပ်စက်ရုံကို အပ်ရမယ်လို့ ချစ်ပုံ တွေးလိုက်သည်။ချစ်ပုံ အထည်တွေကိုစာရင်းနဲ့သေချာမှတ်ပြီး မပွင့်တို့ကိုစောင့်သည်။
ချစ်ပုံ အိပ်ခန်းကိုသွားတော့ အိပ်ခန်းကအဝတ်တွေနဲ့ရှုပ်ပွနေသည်။ချစ်ပုံ သက်ပျင်းလေးချပြီး အဝတ်တွေသိမ်းသည်။ကိုကို့ရဲ့အဝတ်တွေကိုသေချာခေါက်ကာ သေတ္တာထဲထည့်သည်။ချစ်ပုံရဲ့စိတ်တွေကလည်း အိပ်ခန်းကိုသန့်ရှင်းရေးလုပ်ရင်းရှင်းလင်းသွားသည်။
ချစ်ပုံ စိတ်တွေကြည်လင်သွားတော့ အလုပ်ခန်းထဲဝင်ကာ ဒီဇိုင်းဆွဲနေလိုက်သည်။
_______
ဒေဝီမျိုး ဒီဇိုင်းစာရွက်လေးကိုကြည့်လိုက်သည်။ရှေ့မှ ချစ်ပုံရဲ့မျက်လုံးလေးတွေကစိတ်လှုပ်ရှားစွာ တလက်လက်။ဒေဝီမျိုး နှုတ်ခမ်းထောင့်လေးတွေကကော့တက်သွားသည်။ချစ်ပုံကို ဒီဇိုင်းစာရွက်လေးပြန်ပေးပြီး ခေါင်းညိတ်သည်။
"မင်းနာမည်က ကောင်းမြတ်ချစ်ပုံနော်"
"ဟုတ် ဟုတ်ပါတယ်"
"မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရပြီ"
ချစ်ပုံ စာရွက်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဦးညွှတ်လိုက်သည်။ရင်ထဲတွင်ပျော်ရွှင်မှုကအတိုင်းမသိ။ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုက အသိအမှတ်ပြုခံလိုက်ရပြီ။
أنت تقرأ
ချစ်လွန်လွန်း၍ထုဆစ်ခဲ့သည်(Completed)
عاطفيةမင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် Start Date 10.1.2022 Ended Date 18.5.2022