Unicode
စာညွှန်း
"ကုန်းကျွင့်~ ဒီကမ္ဘာပေါ်ကလူတိုင်းက ငါ့ကို နှိမ့်ချစော်ကားလို့ရတယ်၊ ဒါပေမယ့် မင်းကတော့ခြွင်းချက်ပါ၊ ဒါက မင်း ငါ့အပေါ်တင်နေတဲ့ အကြွေးပဲ"
အပိုင်း(၂)
"စောစောကလူက မင်းကို ယွမ်-၁၀၀၀၀ နဲ့ အတူတူအိပ်ဖို့ တောင်းဆိုထားတယ်၊ ဒါဆို ငါက နည်းနည်းလျှော့ပေးမယ်၊ မင်းက ငါ့ကို သဘောကျအောင် အဖော်လုပ်ပေးဖို့ပဲ လိုတယ်"
"ဘယ်လိုလဲ~ ဒါက မင်းအတွက် ပိုပြီး အဆင်ပြေတဲ့ကိစ္စ မဟုတ်ဘူးလား"
ထိုစကားများကိုပြောပြီးနောက် ကုန်းကျွင့်သည် ကျန်းကျယ်ဟန့်၏မျက်လုံးများကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။
ကျန်းကျယ်ဟန့်၏မျက်လုံးများတွင် ကွဲပြားမှုတစ်ခုကို ကုန်းကျွင့် မြင်ချင်မိသည်။ ကျန်းကျယ်ဟန့်၏ လက်ရှိသဘောထားကို သူ အလွန်မုန်းတီးမိပါသည်။
ကျန်းကျယ်ဟန့်က ဘာမှမတုံ့ပြန်တာကို မြင်ရတော့ ကုန်းကျွင့်က သူ့ကို လှောင်ပြောင်ပြီး ဆက်ပြောလိုက်သည်။
" ပြောပါဦး ဘယ်လိုလဲ မင်းက ငါ့ထက် အဲဒီလူက တက်လုပ်တာ ခံချင်နေတာလား"
ကျန်းကျယ်ဟန့်သည် သူ့ကို မျက်နှာအမူအယာကင်းမဲ့စွာ လှည့်ကြည့်လိုက်သည်။
ကုန်းကျွင့်သည် ပို၍ စိတ်လှုပ်ရှားလာပြီး
"ငါပြောတာ မဟုတ်ဘူးလား? မင်းက ဒီလိုနေရာကိုလာပြီး လူတွေကို မြူဆွယ်ချင်တာ မဟုတ်ဘူးလား"
သူသည် ကျန်းကျယ်ဟန့်၏ ပျော့ပျောင်းသောဆံနွယ်များကို လက်ဖြင့် ကိုင်တွယ်လိုက်သည်။
ကျန်းကျယ်ဟန့်သည် မလှုပ်မယှက်ပဲ သူ့ကို ငြိမ်သက်စွာ ကြည့်နေဆဲဖြစ်သည်။
သူ မြင်နေရသော ကျန်းကျယ်ဟန့်သည် တက္ကသိုလ်တက်နေတုန်းက ပုံစံနှင့် လုံးဝမတူတော့ပါ၊ ဟုတ်တယ်၊ ဒါက သူ့ရဲ့ မူလပုံစံပဲဖြစ်ရမယ်၊ တက္ကသိုလ်တက်နေတုန်းကပုံစံက သူ့ကို လှည့်စားထားတာ၊ ဟန်ဆောင်နေတာဟု ကုန်းကျွင့်က တွေးလိုက်သည်။
![](https://img.wattpad.com/cover/305495441-288-k15717.jpg)
KAMU SEDANG MEMBACA
Fallen
Fiksi Penggemar"ကုန်းကျွင့်~ ကျေးဇူးပြုပြီး မင်း ငါ့ကို အမှန်အတိုင်းပြောစမ်းပါ၊ မင်းက ငါ့အပေါ်ကို ဘယ်လို ခံစားချက်မျိုးထားခဲ့တာလဲ၊ မင်းသိပါတယ် ငါက စိတ်မကောင်းဖြစ်လို့ သနားညှာတာပြီး အလျော်အစားပေးတာမျိုးကို မလိုချင်ပါဘူး" " XiaoZhe~ဒီမှာလာပြီး ကိုယ့်ရင်ခုန်သံကိုန...