Part (1)

605 50 11
                                        

Unicode

  စာညွှန်း

"ထိပ်ဆုံးကလူတစ်ယောက်က ချောက်နက်ကြီးထဲကို ပြုတ်ကျသွားတာကို ထိုင်ကြည့်ရတာထက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာ ဘယ်အရာများရှိဦးမှာလဲ "

အပိုင်း(၁)

Night Club တစ်ခု၏ သီးသန့်ခန်းတစ်ခုထဲတွင် ဆူညံသံမျိုးစုံ ထွက်ပေါ်လာနေပြီး မျက်နှာကျက်ပေါ်ရှိ နီယွန်မီးများက ရောင်စုံလင်းလက်နေသည်။

ကုန်းကျွင့်သည် စိတ်ထဲတွင် အနည်းငယ် ဆူညံသွားသလို ခံစားလိုက်ရပြီး သူ၏နားများကို ပိတ်ထားလိုက်သည်။

"ဘယ်လိုလဲ ကုန်းသခင်လေးက ဒီနေရာကို မကြိုက်ဘူးလား၊ ငါတို့ရဲ့ ကုန်းသခင်လေးက နိုင်ငံခြားက ပြန်ရောက်ပြီးတော့ စိတ်ပြောင်းသွားပြီလား"

ခပ်ဝဝလူတစ်ယောက်က ကုန်းကျွင့်ရဲ့ ပုခုံးကို ပုတ်ကာ ရယ်မောပြောဆိုလိုက်သည်။

"နည်းနည်းတော့ ဆူညံနေတယ်"

ကုန်းကျွင့်သည် သူ့လက်ထဲက ဝိုင်ဖန်ခွက်ကို အကုန်သောက်ချရင်း ပြန်ပြောလိုက်သည်။

"ဟုတ်တယ်နော်"

ပါတိတ်ရှပ်အင်္ကျီဝတ်ထားသည့် အမျိုးသားက လက်ခုပ်တချက်တီးကာ တေးဂီတကို ပိုပြီး ငြိမ်သက်သွားစေရန် အချက်ပြလိုက်သည်။ ထိုနောက် သူက မျက်လုံးများကို မှေးစင်းကာ ပြောလိုက်သည်။

"ဒီမှာ ဝန်ထမ်းအသစ် ရောက်တယ်ဆိုလား ငါကြားမိတယ်၊ မင်းစိတ်ဝင်စားလား?"

Night Color Night Club!!!

ပေကျင်းမြို့တော်၏ နာမည်အကျော်ကြားဆုံး Night Clubတစ်ခု~

ပါတိပ်ရှပ်အင်္ကျီဝတ်ထားသည့်အမျိုးသားက ပြောလိုက်သော 'ဝန်ထမ်းအသစ်' ဟူသော စကားလုံး၏ နောက်ကွယ်တွင် အဓိပ္ပာယ်တစ်ခုရှိနေသည်။

ကုန်းကျွင့်သည် သဘောပေါက်သွားဟန်ဖြင့် သူ့ပတ်ဝန်းကျင်က သူငယ်ချင်းတွေကို ကြည့်လိုက်တော့ အားလုံး၏အနားတွင် မိန်းကလေး တစ်ယောက် (သို့) နှစ်ယောက် တွယ်လိုက်နေကြပေမယ့် သူကတော့တစ်ယောက်တည်း သီးသန့် ဖြစ်နေပုံရသည်။

Fallenحيث تعيش القصص. اكتشف الآن