Extra-1

200 30 26
                                    

Unicode

Extra-1

ကျန်းကျယ်ဟန့်သည် သူ၏ရည်မှန်းချက်ဖြစ်သော ကျောင်းဆက်တက်ပြီး ဘွဲ့ရအောင်ကြိုးစားရန် ပေကျင်းတက္ကသိုလ်ကို ပြန်လာခဲ့သည်။ 

တစ်နေ့မှာ ကျန်းကျယ်ဟန့် ကျောင်းကပြန်လာတော့ ကုန်းကျွင့် နှင့် ပေါင်အာလေးသည် ဧည့်ခန်းထဲတွင် ကစားနေသည်။

ကုန်းကျွင့်ရဲ့ လက်တစ်ဖက်မှာ ကိတ်မုန့်တစ်လုံးနှင့် ကျန်လက်တစ်ဖက်မှာတော့ ဇွန်းတစ်ချောင်းကိုကိုင်ထားသည်။

"ပေါင်အာလေး~"

"ပါးပါး!"

ကုန်းကျွင့်သည် ပေါင်အာလေးက 'ပါးပါး' တစ်ခါခေါ်ပြီးတိုင်း သူ့ကို ကိတ်မုန့်တစ်လုတ် ခွံ့ကျွေးလိုက်သည်။

ကျန်းကျယ်ဟန့်သည် သူတို့ကိုကြည့်နေတုန်းမှာပင် ပေါင်အာလေးက ကုန်းကျွင့်ကို ချစ်ခင်နှစ်သက်စွာ ထပ်မံအော်ခေါ်လိုက်သည်။

"ပါးပါး~ပါးပါးကို သားသားအရမ်းချစ်"

ဤသို့ဖြင့် ကိတ်မုန့်တစ်လုံးကို တစ်လုတ်ပြီးတစ်လုတ် ခွံ့ကျွေးလိုက်ရင်း ကုန်းကျွင့်သည် ပျော်ရွှင်ကြည်နူးစွာဖြင့် မျက်လုံးများပိတ်သွားအောင်ပင် ရယ်မောနေသည်။

ထိုအခိုက်မှာ ထိုနှစ်ယောက်သားသည် သူတို့ရဲ့နောက်ဖက်က အကြည့်တွေကို ခံစားလိုက်ရသည်။

"XiaoZhe..."

"ပါးပါး..."

ထိုသားအဖနှစ်ယောက်သည် အပြစ်လုပ်မိထားသလို ကျန်းကျယ်ဟန့်ကို ပြန်ကြည့်လိုက်သည်။

"ကုန်းကျွင့်~ပေါင်အာလေးကို ဒီနေ့ ကိတ်မုန့် ထပ်မကျွေးရတော့ဘူးလို့ ငါ ပြောခဲ့တယ်!"

ကျန်းကျယ်ဟန့်က မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ 

"ငါ မှားသွားပါတယ်..."

ကုန်းကျွင့် က ခေါင်းညိမ့်လိုက်သည်။

"သားသား မှားသွားပါတယ်..."

ပေါင်အာလေးက ကုန်းကျွင့် ရဲ့နောက်မှာ ပုန်းနေရင်းပြောလိုက်သည်။

ကျန်းကျယ်ဟန့် က ကုန်းကျွင့်ရဲ့လက်ထဲက ကိတ်မုန့်ကို ဆွဲယူလိုက်ပြီး ထပ်ပြောသည်။

FallenUnde poveștirile trăiesc. Descoperă acum