Unicode
စာညွှန်း
ပေါင်အာလေးသည် သူနှင့် သွေးသားဆက်စပ်နေသော ကမ္ဘာပေါ်ရှိ တစ်ဦးတည်းသော လူသားငယ်ဖြစ်သည်။
အပိုင်း(၃)
နောက်တစ်နေ့နံနက်တွင် ကျန်းကျယ်ဟန့်သည် သူ့မျက်နှာကို လာပုတ်လိုက်သည့် လက်သေးသေးလေးတစ်စုံကို ခံစားလိုက်ရပြီး အိပ်ရာကနိုးလာသည်။
သူသည်မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ပေါင်အာလေးသည် သူ့ဘေးတွင်ထိုင်နေပြီး သူနိုးလာသည်ကို တွေ့လိုက်ရသောအခါတွင် မျက်လုံးဝိုင်းလေးများဖြင့် လှည့်ကြည့်လာကာ သူ့အနားကိုတိုးကပ်လာပြီး အသံသေးသေးလေးဖြင့် တောင်းဆိုလိုက်သည်။
"ပါးပါး~ မံမံဆာ"
ကျန်းကျယ်ဟန့်သည် မနက် ၇-နာရီထိုးနေပြီဆိုတာကို သိလိုက်ရသည်။ ပေါင်အာလေးရဲ့ ထမင်းစားချိန်ရောက်ပြီဖြစ်သည်။ ၂-နှစ်ကျော်အရွယ် ပေါင်အာလေးသည် အရွယ်နှင့်မလိုက်အောင် အရမ်းလိမ်မာပါသည်။ သူအိပ်ရာနိုးလာတဲ့အခါတိုင်း ကျန်းကျယ်ဟန့်ကို မနှိုးပဲ သူ့ဖာသာဆော့ကစားနေတတ်ပြီး သူထမင်းဆာမှသာ နှိုးတတ်လေသည်။
ကျန်းကျယ်ဟန့်သည် ပေါင်အာလေးကို ပွေ့ချီလိုက်ပြီး သူ၏ပြည့်ဖောင်းတဲ့ပါးပြင်လေးကို နမ်းလိုက်ရင်း
"ကောင်းပြီ ပါးပါးက နံပါတ်စဥ်နဲ့ပေါက်စီအသစ် လုပ်ထားတယ် ၁-၉ ၊ ဒီနေ့က နံပါတ်ဘယ်လောက်ရောက်ပြီလဲ ပေါင်အာလေး သိလား"
"နှစ်~နံပါတ်နှစ်"
ပေါင်အာလေးသည် ပြည့်ဖောင်းသော လက်ကလေးကိုမြှောက်လိုက်ပြီး ကျန်းကျယ်ဟန့်၏ လက်ထဲက ပေါက်စီလေးကို ညွှန်ပြကာ အသံကျယ်လောင်စွာ အော်လိုက်သည်။
ကျန်းကျယ်ဟန့်သည် သူ့ခေါင်းကလေးကို ပွတ်သပ်ပြီး ပြုံးကာပြောလိုက်သည်။
"ပါးပါး ပေါင်အာလေးက အရမ်းတော်တယ် "
ပေါင်အာလေးသည် ကလေးကုလားထိုင်ပေါ်တွင် နာခံစွာထိုင်နေပြီး ကျန်းကျယ်ဟန့်သည် မီးဖွင့်ပြီး ပေါက်စီများကို ရေနွေးငွေ့ဖြင့်ပေါင်းနေသည်။ မကြာမီ ပေါက်စီ၏မွှေးရနံ့က တစ်ခန်းလုံးကို လွှမ်းသွားသည်။

KAMU SEDANG MEMBACA
Fallen
Fiksi Penggemar"ကုန်းကျွင့်~ ကျေးဇူးပြုပြီး မင်း ငါ့ကို အမှန်အတိုင်းပြောစမ်းပါ၊ မင်းက ငါ့အပေါ်ကို ဘယ်လို ခံစားချက်မျိုးထားခဲ့တာလဲ၊ မင်းသိပါတယ် ငါက စိတ်မကောင်းဖြစ်လို့ သနားညှာတာပြီး အလျော်အစားပေးတာမျိုးကို မလိုချင်ပါဘူး" " XiaoZhe~ဒီမှာလာပြီး ကိုယ့်ရင်ခုန်သံကိုန...