Unicode
စာညွှန်း
"XiaoZhe!!! မင်းရဲ့ ဒီအမာရွတ်က ဘယ်လိုဖြစ်တာလဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား"
အပိုင်း(၁၂)
ကျန်းကျယ်ဟန့်သည် ပေါင်အာလေးကို ခေါ်သွားသော ကလေးထိန်းအဒေါ် နှင့်အတူတူ အပေါ်ထပ်အိပ်ခန်းကို လိုက်သွားပြီး ပေါင်အာလေးကို ပွေ့ဖက်ကာ အိပ်လိုက်သည်။
သူ အိပ်ပျော်သွားပြီး သိပ်မကြာခင်မှာပဲသူ့ကိုအပြင်ထွက်ခဲ့ဖို့ခေါ်တဲ့ ကုန်းကျွင့် ဆီက မဲဆေ့ခ်ျတစ်ခု ရောက်လာသည်။
သူသည် သူ၏ညအိပ်ဝတ်စုံကို အနည်းငယ် ပြင်ဆင်လိုက်ပြီး အပြင်ကိုထွက်သွားတော့ ကုန်းကျွင့်သည် စပျစ်ဝိုင်နီပုလင်းကိုကိုင်ကာ စံအိမ်ရဲ့ လသာဆောင်ရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။
"XiaoZhe~"
ကုန်းကျွင့်က ညင်သာစွာခေါ်လိုက်သည်။
"ဘာကိစ္စလဲ?"
ကျန်းကျယ်ဟန့်က မေးလိုက်သည်။
ထိုစံအိမ်သည် တောင်ပေါ်တစ်ဝက်မှာတည်ရှိပြီး ညဖက်ဖြစ်၍ လေအရမ်းတိုက်နေကာ ကျန်းကျယ်ဟန့်သည် အနည်းငယ်အေးစိမ့်သွားပြီး လက်ကိုပိုက်ထားကာ တုန်ယင်သွားတော့ ကုန်းကျွင့်သည် သူ၏အပေါ်၀တ်စုံတစ်ထည်ကို သူ့ကိုယ်ပေါ် လွှမ်းခြုံပေးသည်။
ဟိုးအရင်တုန်းက သူတို့နှစ်ယောက်သည် ပိုက်ဆံအများကြီးရှာနိုင်ခဲ့ရင် တောင်ပေါ်မှာ စံအိမ်တစ်လုံးဝယ်ပြီး လသာဆောင်မှာ ကြိမ်ကုလားထိုင်နှစ်လုံးချထားကာ ဝိုင်အရက်သောက်ရင်း 'လ' အတူတူကြည့်ကြမည်ဟု စိတ်ကူးယဥ်ခဲ့ဖူးလေသည်။
ကျန်းကျယ်ဟန့်သည် ကုန်းကျွင့်ရဲ့ ဘေးမှာဝင်ထိုင်ပြီး ခေါင်းကို ငုံ့ထားကာ မေးလိုက်သည်။
"မင်း ငါ့ကို ခေါ်တာ ဘာလုပ်မလို့လဲ"
"ဘာမှမဟုတ်ဘူးပါဘူး ငါက မင်းကိုတွေ့ချင်လို့ပါ"
"မင်းက အရမ်းအားနေတာလား"
ကျန်းကျယ်ဟန့်သည် မျက်မှောင်ကြုတ်ပြီး ထရပ်လိုက်တော့ ကုန်းကျွင့် က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

ВЫ ЧИТАЕТЕ
Fallen
Фанфик"ကုန်းကျွင့်~ ကျေးဇူးပြုပြီး မင်း ငါ့ကို အမှန်အတိုင်းပြောစမ်းပါ၊ မင်းက ငါ့အပေါ်ကို ဘယ်လို ခံစားချက်မျိုးထားခဲ့တာလဲ၊ မင်းသိပါတယ် ငါက စိတ်မကောင်းဖြစ်လို့ သနားညှာတာပြီး အလျော်အစားပေးတာမျိုးကို မလိုချင်ပါဘူး" " XiaoZhe~ဒီမှာလာပြီး ကိုယ့်ရင်ခုန်သံကိုန...