Unicode
စာညွှန်း
"ကုန်းကျွင့်~ကွဲသွားတဲ့ မှန်တစ်ချပ်ကို အကောင်းအတိုင်း ပြန်ဆက်လို့ မရတော့ပါဘူး၊ ငါတို့က ပြန်စဖို့အချိန်မမှီတော့ဘူး"
အပိုင်း(၁၀)
နောက်တနေ့နံနက်တွင် နေမင်းကြီးသည် အိပ်ခန်းပြတင်းပေါက်မှ တောက်ပစွာ ထွန်းလင်းနေသည်။
ကျန်းကျယ်ဟန့်သည် မျက်နှာကို လက်ဖြင့်အုပ်ကာ နေရောင်ကိုကာပြီး မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
မနေ့ညက အဖြစ်အပျက်ကို ပြန်တွေးမိရင်း သူသည်လက်နှစ်ဖက်ကိုအားပြုကာ သူ့ခန္ဓာကိုယ်ကို ထထိုင်ရန် ကြိုးစားလိုက်ပေမယ့် သူ့ တစ်ကိုယ်လုံးနာကျင်နေပြီး ကုတင်ပေါ် ပြန်လှဲချလိုက်ရသည်။
ကျန်းကျယ်ဟန့်သည် နောက်တကြိမ် ထပ်မံအားယူ၍ မတ်တပ်ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီကို လျှောက်သွားလိုက်ရင်း အလင်းရောင်ရအောင် ကန့်လန့်ကာတွေကို ဆွဲတင်လိုက်သည်။
ကျန်းကျယ်ဟန့်သည် ကုန်းကျွင့်၏ အဖြူရောင်ရှပ်အင်္ကျီနှင့် ချည်သားဘောင်းဘီရှည်ကို ၀တ်ဆင်ထားသည်။ သူသည် ကုန်းကျွင့်၏ဘေးနားတွင် ငြိမ်သက်စွာ ပြန်ထိုင်နေကာ သူ့နောက်မှ ကုန်းကျွင့်၏ အသံကို ကြားလိုက်သောအခါတွင်တော့ ခေါင်းကိုလှည့်ကာ တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။
"မင်း နိုးလာပြီလား"
ကုန်းကျွင့်သည် သေချာအမူးမပြေသေးပေမယ့် မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို မှတ်မိနေပါသေးသည်။ သူသည် မနေ့ညက ကျန်းကျယ်ဟန့်ကို အကြိမ်ကြိမ် ရယူခဲ့လေသည်။
မနေ့ကညသည် သုံးနှစ်တာအတွင်း သူအိပ်ဖူးသမျှတွင် အကောင်းဆုံး အိပ်စက်မှုဖြစ်သည်။ နောက်ဆုံးတော့ သူသည် လွန်ခဲ့တဲ့သုံးနှစ်က လွမ်းဆွတ်ခဲ့ရတဲ့ အနမ်းတွေကို ဖြည့်ဆည်းပေးချင်သလိုမျိုး ကျန်းကျယ်ဟန့်ကို အကြိမ်ပေါင်းများစွာ နမ်းခဲ့တာကို သူ သတိရမိခဲ့ပါသည်။
"XiaoZhe..."
ကုန်းကျွင့်ရဲ့ လည်ချောင်းက တစ်ဆို့နေပြီး ဘာဆက်ပြောရမှန်းမသိတော့ပါ။
YOU ARE READING
Fallen
Fanfiction"ကုန်းကျွင့်~ ကျေးဇူးပြုပြီး မင်း ငါ့ကို အမှန်အတိုင်းပြောစမ်းပါ၊ မင်းက ငါ့အပေါ်ကို ဘယ်လို ခံစားချက်မျိုးထားခဲ့တာလဲ၊ မင်းသိပါတယ် ငါက စိတ်မကောင်းဖြစ်လို့ သနားညှာတာပြီး အလျော်အစားပေးတာမျိုးကို မလိုချင်ပါဘူး" " XiaoZhe~ဒီမှာလာပြီး ကိုယ့်ရင်ခုန်သံကိုန...