Part (9)

254 40 35
                                    

Unicode

စာညွှန်း

ကုန်းကျွင့်~ သူ ဘာတွေဖြစ်ခဲ့တာလဲ???

အပိုင်း(၉)

"ကျန်းကျယ်ဟန့်!!! မင်းက ပိုက်ဆံမက်တယ်မဟုတ်လား၊ ငါ့မှာက ပိုက်ဆံရှိတယ်၊ မင်း ထွက်မသွားဖို့အတွက် ငါ ပိုက်ဆံ ဘယ်လောက်ပေးရမလဲ"

ကျန်းကျယ်ဟန့်သည် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ ကုန်းကျွင့်ရဲ့လက်ကို စိုက်ကြည့်ပြီး ဒေါသထွက်လာသော်လည်း ရယ်မောရင်း မေးလိုက်သည်။

"ကုန်းကျွင့်~မင်း အိမ်မက်က မနိုးသေးဘူးလား"

ကုန်းကျွင့်သည် အိပ်ရာနိုးလာပြီးနောက် သူ့လက်ကိုကိုင်ကာ တိုးတိုးလေးပြောနေတဲ့ စကားလုံးတွေကို နားထောင်ရင်း သူ၏စိတ်တွေ လှုပ်ရှားသွားရသည်။

ထိုစကားများသည် ထိုစဉ်အခါများက သူတို့နှစ်ဦးရဲ့နေ့စဉ်ဘဝတွေကို ပြန်သတိရမိစေသည်။ သူသည် ငယ်စဥ်ကတည်းက လျှပ်စစ်မီးချွေတာတတ်ပြီး မလိုအပ်ရင်မီးမဖွင့်တတ်ပဲ ကုန်းကျွင့်ကတော့ တစ်အိမ်လုံး မီးတွေလင်းထိန်အောင် ဖွင့်ထားတာကိုပဲ နှစ်သက်ပါသည်။

ကျန်းကျယ်ဟန့်သည် သူ့နှလုံးသားထဲက ခံစားချက် တွေကို ထိန်းချုပ်ထားပြီး ကုန်းကျွင့်လက်ထဲက ရုန်းထွက် လွတ်မြောက်ချင်သည်။

ကုန်းကျွင့်၏ မျက်လုံးများ နီရဲလာပြီးသူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း

"ဟုတ်တယ်၊ ငါက အိမ်မက်က မနိုးသေးဘူး၊ မင်းထွက်ခွာသွားတဲ့ သုံးနှစ်အတွင်း  ငါတခါမှ  အိမ်မက်က မနိုးသေးဘူး"

ကုန်းကျွင့်သည် ကျန်းကျယ်ဟန့် ရဲ့လက်ကိုဆွဲကာ သူ့ရင်ဘတ်နှလုံးသားပေါ်တင်လိုက်ပြီး ဆက်ပြောလိုက်သည်။ 

"လွန်ခဲ့တဲ့သုံးနှစ်ဆိုတဲ့အချိန်ကို ငါက ဘယ်လိုဖြတ်ကျော်ခဲ့ရတယ်ဆိုတာ မင်းရဲ့သိလား"

ကျန်းကျယ်ဟန့်သည် ရုတ်တရက် အေးခဲသွားပြီး သူ့ရှေ့တွင် စိတ်ခံစားချက်အပြည့်နှင့်စကားပြောနေသော ကုန်းကျွင့်ကို စိုက်ကြည့်နေသည်။

"မင်းက ပိုက်ဆံကို ကြိုက်တယ်၊  ကောင်းတယ်၊ မင်းဒီမှာနေ၊ ငါက ပိုက်ဆံပေးမယ်၊ ကုန်းမိသားစုရဲ့ ပိုက်ဆံတွေကို အခု ငါပဲ ကိုင်ထားတယ်"

FallenDonde viven las historias. Descúbrelo ahora