Part (6)

289 41 44
                                    

Unicode

စာညွှန်း

ငါက ဒီလောက်ကံကောင်းနေပါ့မလား

အပိုင်း(၆)

"ငါ..တောင်းပန်ပါတယ်၊ ငါ့ကို ပြောပြပါ၊ ဒီကလေးက..ဒီကလေးက.. ဟုတ်လား.. မဟုတ်ဘူးလား"

ကျန်းကျယ်ဟန့်၏ မျက်လုံးများသည် ကုန်းကျွင့်ကိုစိုက်ကြည့်နေသည်။ ပေါင်အာလေးသည် အသံသေးသေးလေးဖြင့် တီဗွီလေးထဲကအတိုင်း သီချင်းလိုက်ဆိုနေသည်။ ပေါင်အာလေးသည် ရှည်လျားသော စကားလုံးများကို မထွက်နိုင်သေးသောကြောင့် သူသည် စကားလုံးများကို တစ်လုံးစီလိုက်ပြီး ရွတ်ဆိုနေလေသည်။

ကုန်းကျွင့်သည် ပေါင်အာလေး၏ နောက်ကျောပြင် လေးကိုကြည့်ရင်း မျက်ရည်များကျလာသည်။ ပေါင်အာလေးသည်လည်း တစ်ခုခုကို ခံစားမိသွားပုံပေါ်သည်။ သူကလေးသည် ခေါင်းကိုလှည့်ကာ ကုန်းကျွင့်ကို ပဟေဠိဆန်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူကလေးသည် သူစိမ်းတစ်ယောက် ဝင်လာသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် ရှက်သွားပြီး ဝက်ဝံရုပ်လေးကို အမြန်ပွေ့ဖက်လိုက်သည်။ ကုတင်ပေါ်တွင် ထိုင်ကာ သူ့မျက်နှာလေးကို ဝက်ဝံရုပ်လေး၏ နောက်ကွယ်တွင် ဝှက်ထားလိုက်သည်။

ကုန်းကျွင့်သည် စကားမပြောပဲ ပေါင်အာလေးကို ငြိမ်သက်စွာစိုက်ကြည့်နေရင်း သူ့ထံကို ခြေတစ်လှမ်းထပ်မံလှမ်းလိုက်တော့ ကျန်းကျယ်ဟန့်က သူ့ကို တားဆီးလိုက်သည်။

"မင်း ဘာလုပ်မလို့လဲ?"

"ငါ ကလေးကိုတွေ့ချင်တယ်၊ သူက မင်းရဲ့ကလေးမဟုတ်လား၊ သူက ငါ့ရဲ့ ကလေးလည်း ဟုတ်တယ်မဟုတ်လား၊ သူ့ရဲ့ အသက်က ဘယ်လောက်ရှိသွားပြီလဲ၊ သူက ပါးပါးလို့ခေါ်တတ်လား၊ ငါ..."

ကုန်းကျွင့်သည် ကယောင်ကတမ်း ဖြစ်နေသလိုမျိုးစကားတွေကို တတွတ်တွတ် ပြောနေသည်။

ကျန်းကျယ်ဟန့်သည် သူ့ကို ထပ်၍ ရှေ့မတိုးနိုင်စေရန် တားဆီးလိုက်ပြီး ပြတ်သားစွာပြောသည်။

"ဟုတ်ပါတယ်လို့ ပြောချင်ပေမယ့်၊  အကယ်၍ ဒီလိုပြောလိုက်ရင် မင်းဆီကလည်း ကလေးအတွက် ထောက်ပံ့ကြေး ရနိုင်ပေမယ့်၊ သူက မင်းရဲ့ ကလေးမဟုတ်ဘူး"

FallenOù les histoires vivent. Découvrez maintenant