Part (14)

224 35 21
                                    

Unicode

စာညွှန်း

"ကျွန်တော်တို့က အချင်းချင်း အကြွေးမကျန်တော့ပါဘူး၊ အခုအချိန်ကစပြီး ကျွန်တော်ရဲ့ နှလုံးသားစေရာအတိုင်း အရာအားလုံးကို ကျွန်တော်လုပ်ပါမယ်"

အပိုင်း(၁၅)

ကုန်းကျွင့် ရဲ့ စကားများကို နားထောင်ပြီးနောက် သူတို့နှစ်ယောက်သား အချိန်အကြာကြီး ပွေ့ဖက်ထားလိုက်ကြပြီး အိမ်ထိန်းအဒေါ်ကြီးက ထမင်းစားဖို့ လာခေါ်တော့မှသာ ကျန်းကျယ်ဟန့်က ကုန်းကျွင့်ကို တွန်းလွှတ်လိုက်ပါသည်။

ထိုနေ့ညဘက်တွင် ကျန်းကျယ်ဟန့်သည် အခန်းထဲတွင် တစ်ယောက်တည်း အိပ်ခဲ့သည်။ သူသည် အဖျားရှိနေသေးသောကြောင့် ပေါင်အာလေးကို နီးကပ်စွာ မချဉ်းကပ်ဝံ့သေးပဲ တစ်ချိန်တည်းမှာပင် ကုန်းကျွင့်က သူ့ကို အဖော်လုပ်ပေးမည်ဟူသောကမ်းလှမ်းချက်ကိုလည်း ငြင်းဆန်ခဲ့ပါသည်။

ကျန်းကျယ်ဟန့်သည် အိပ်ယာပေါ်တွင်လှဲကာ အိပ်မပျော်နိုင်တော့ပါ။  သူတို့ရဲ့ ဖြစ်ပျက်ခဲ့တဲ့အရာတွေသည် ဘာအကြောင်းကြောင့်လဲဆိုတာကို နှစ်ယောက်လုံးက ကောင်းကောင်းသိပါသည်။

မိဘတွေရဲ့ အတားအဆီးတွေ၊ စိတ်မြန်လွန်းတာ၊ ထိလွယ်ရှလွယ်တာ၊ ငယ်ရွယ်လွန်းတာ၊ အချင်းချင်းကြားမှာ ယုံကြည်ချက်မရှိခဲ့တာ...

သူတို့နှစ်ယောက်ကြားမှာ ပြဿနာတွေက အများကြီးရှိခဲ့ပါသည်။ ထိုသုံးနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေအားလုံးကို သူတို့စိတ်ထဲက ဖယ်ရှားပစ်နိုင်ပါ့မလားဆိုတာကို တွေးမိရင်း သူသည် ကုတင်ပေါ်မှာ ဟိုဟိုဒီဒီလှည့်ပြီး အိပ်မပျော်နိုင်ခဲ့ပါ။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ဘေးအခန်းက ကုန်းကျွင့် သည်လည်း အလားတူပင် ဖြစ်သည်။

ကျန်းကျယ်ဟန့်သည် ကုတင်မှထလိုက်ပြီး သူ့ရဲ့ ညအိပ်အဝတ်အစားတွေကို ပြင်ဆင်ဝတ်လိုက်ပြီး ပြတင်းပေါက်မှာ မေးထောက်ပြီး လပြည့်ဝန်းကို လှမ်းကြည့်လိုက်သည်။  သူသည် ညလေထုကို ပွေ့ဖက်ရန် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ခံစားတော့ လေထုက လွမ်းဆွေးမှုကို ဖြစ်စေသည်။

FallenWhere stories live. Discover now