Part (11)

239 38 19
                                    

Unicode

စာညွှန်း

"ပါးပါး~သားသားတို့က ဦးဦးအိမ်မှာ လိုက်နေလို့မရဘူးလား၊ ဦးဦးအိမ်ရဲ့ အိပ်ယာက အိပ်ရတာ အရမ်းအဆင်ပြေတယ်"

အပိုင်း(၁၁)

နောက်တစ်ရက်တွင် ကျန်းကျယ်ဟန့်သည် ကုန်းကျွင့်ကို သူတို့အိမ်ပြန်တော့မည်ဖြစ်ကြောင်း ပြောလိုက်သည်။ နှစ်ရက်ကြာသွားပြီဖြစ်၍ သူတို့ရဲ့ ဂိုဒေါင်အိမ်လေးမှာ ရေတွေပြန်ကျသွားလောက်ပြီဟု သူကတွေးထားသည်။

သူနှင့် ကုန်းကျွင့်တို့ရဲ့ကြားက ဆက်ဆံရေးသည် ယခုအချိန်တွင် မရှင်းမလင်းဖြစ်နေပြီး သူသည် ကုန်းကျွင့်၏အိမ်တွင် ကလေးတစ်ယောက်နှင့်နေထိုင်ခြင်းသည် အမှန်တကယ်ပင် မသင့်တော်ပါလေ။

ကုန်းကျွင့်သည် သူ့ကို မတားဆီးခဲ့ပဲ သူတို့သားအဖနှစ်ယောက်ကို ကိုယ်တိုင်ကားမောင်းပြီး အိမ်ပြန်လိုက်ပို့ပေးခဲ့သည်။

သူတို့ရဲ့ ဂိုဒေါင်အိမ်လေးထဲကို ပြန်ရောက်သွားတော့ ပေါင်အာလေးသည် ကုန်းကျွင့်၏လည်ပင်းကို ဖက်ထားပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် တိုးတိုးလေးကပ်ပြောလိုက်သည်။

"ဦးဦး~သားသားတို့ ဘယ်တော့ အတူတူ ပြန်ကစားလို့ရနိုင်မှာလဲဟင်"

ကုန်းကျွင့်သည် သူတို့ဘေးနားမှာ အသံတိတ်ဆိတ်နေသော ကျန်းကျယ်ဟန့်ကို တချက်ကြည့်လိုက်ပြီး ပေါင်အာလေး၏ ဆံပင်များကို ပွတ်သပ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"ပေါင်အာလေး က ဦးဦးကို သတိရတဲ့အခါကျရင် သားသားကို အတူတူကစားဖို့ ခေါ်သွားမယ်"

"ဒါဆို သားသားက ဦးဦးကို နေ့တိုင်းပဲ သတိရနေမယ်လေ"

ပေါင်အာလေးသည် အလွန်ပါးနပ်သော ကလေးတစ်ယောက်ဖြစ်ပြီး ကုန်းကျွင့်အပေါ် ကျန်းကျယ်ဟန့်ရဲ့ မနွေးထွေးတဲ့ သဘောထားကို သတိပြုမိပေမယ့် ပေါင်အာလေးကိုယ်တိုင်ကတော့ ဤဦးဦးကို အရမ်းသဘောကျပါသည်။

ငယ်စဉ်ကလေးဘဝမှ အခုအချိန်အထိ ဤဦးဦးသည် သူ့ပါးပါးပြီးလျှင် သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံသော ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်။

FallenDonde viven las historias. Descúbrelo ahora