Part (13)

265 37 26
                                        

Unicode

စာညွှန်း

" XiaoZhe~ဒီမှာလာပြီး ကိုယ့်ရင်ခုန်သံကိုနားထောင်ကြည့်စမ်းပါ~ကိုယ့်ရဲ့ ဒီနှလုံးသားလေးကမင်းတစ်ယောက်တည်းအတွက်ပဲ ခုန်နေခဲ့တာဆိုတာ ယုံကြည်ပေးပါ" 

အပိုင်း(၁၃)

"XiaoZhe!!! မင်းရဲ့ ဒီအမာရွတ်က ဘယ်လိုဖြစ်တာလဲဆိုတာ မင်း ငါ့ကို ပြောပြနိုင်မလား"

ကုန်းကျွင့်ရဲ့စကားကို ကြားရတော့ ကျန်းကျယ်ဟန့် သည် အံ့ဩထိတ်လန့်သွားသည်။ သူ့ရဲ့ လက်ကမသိစိတ်ဖြင့် သူ့အမာရွတ်ကို ထိလိုက်ပေမယ့် ကုန်းကျွင့်ရဲ့လက်ကိုသာ ထိမိသွားသည်။ ကုန်းကျွင့်၏ လက်သည် သူ၏လက်နှင့် အတူတူ ရောယှက်ကာ အမာရွတ်ကို ထိလိုက်သည်။

ထိုအမာရွတ်သည် ထိတွေ့လျှင် မညီမညာခံစားရသည့် ၁၀-စင်တီမီတာ အမာရွတ်ဖြစ်သည်။

ကျန်းကျယ်ဟန့်က စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်သည်

"ပေါင်အာလေး ဘယ်မှာလဲ"

"ပေါင်အာလေးက မူကြိုကျောင်းကို သွားတယ် မကြာခင် ပြန်လာလိမ့်မယ်"

"အင်း"

ကျန်းကျယ်ဟန့်သည် စောင်ကိုခြုံထားပြီး ကုန်းကျွင့်ကို နောက်ကျောပေးလိုက်သည်။ သူတို့နှစ်ယောက် ပြန်ဆုံပြီး အတူတူအိပ်ခဲ့တဲ့ညကတည်းက ကုန်းကျွင့်က အမာရွတ်ကို မြင်ခဲ့တယ်လို့ သူက ထင်ခဲ့ပေမယ့် ကုန်းကျွင့်က သူ့ကိုဘာမှမပြောပဲ ထိုကိစ္စကို မေ့သွားခဲ့သည်။

ကုန်းကျွင့်က ဆက်မမေးတော့ပဲ အမာရွတ်ကို သူလက်ချောင်းထိပ်တွေနဲ့ ဖြည်းဖြည်းချင်းထိလိုက်ကာ ညင်သာစွာပြောလာသည်။

"ဒဏ်ရာက အရမ်းအကြီးကြီးပဲ၊ အဲ့အချိန်တုန်းကအရမ်းနာကျင်ခဲ့ရမှာပဲ"

ကုန်းကျွင့်က ထိမိတဲ့ အမာရွတ်နေရာက ထုံနေပြီး ယားယံနေသည်။ ​​ကျန်းကျယ်ဟန့်သည် ထပ်မံရှောင်လွှဲဖို့ မတတ်နိုင်တော့ပါ။ ကုန်းကျွင့်က အရမ်းပါးနပ်တယ်၊ သူက အားလုံးကိုသိနေပြီဟု သူထင်ပါသည်။ ကျန်းကျယ်ဟန့်သည် စကားမပြောပဲ စောင်အောက်မှာ ပုန်းနေလိုက်သည်။

FallenWhere stories live. Discover now