Unicode
ဒီအပိုင်းလေးကိုတော့ နောက်ဆက်တွဲလာမယ့်အပိုင်းလေးနဲ့ အဆက်အစပ် ပျက်သွားမှာစိုးလို့ Easter Egg အနေနဲ့ ကြားဝင်လိုက်ရပါတယ်။ အဆင်ပြေသလိုသာ ကြည့်ပြီး ဖတ်ပေးကြပါနော်~
စာညွှန်း
"အချစ်၏စွမ်းအားသည် အချိန်နှင့် လေဟာနယ်ကို ဖြတ်သန်းနိုင်ပြီး ချစ်သူ့ထံပါးသို့ ရောက်ရှိလာနိုင်ပါသည်"
Easter Egg
ကုန်းကျွင့်သည် သူဆေးရုံပေါ်မှာ အချိန်ကြာမြင့်စွာ သတိမေ့နေခဲ့တုန်းက သူ့မက်ခဲ့ဖူးတဲ့ မှော်ဆန်ဆန်အိပ်မက်ကို တဖြည်းဖြည်းပြန်သတိရမိလာသည်။
အစပိုင်းတုန်းက သူသည် အိပ်မက်ထဲက အရာတော်တော်များများကို သူနိုးလာပြီးနောက်မှာ မေ့ပျောက်သွားခဲ့ပါသည်။
လွန်ခဲ့သော (၃-နှစ်)~
ထိုအချိန်တုန်းက ကျန်းကျယ်ဟန့်သည် သူ့ကိုအဆက်အသွယ်ဖြတ်သွားပြီး မြို့ငယ်လေးတစ်မြို့တွင် ရှိနေကြောင်း သူကြားသိရသောကြောင့် ထိုနေရာသို့ တစ်ညလုံးမအိပ်ပဲ ကားမောင်းသွားခဲ့သည်။
ထိုအချိန်က ကုန်းကျွင့်၏ရင်မှာပူလောင်နေသည်။ ကျန်းကျယ်ဟန့်က ဘာအကြောင်းကြောင့် သူ့ကို အဆက်အသွယ်ဖြတ်သွားတာလဲဆိုတာ သူမသိပါ။ သူသိသည်မှာ သူသည် သူ့ရဲ့ XiaoZhe ကို မတွေ့တွေ့အောင်ရှာရမည်။
ကျန်းကျယ်ဟန့်သာ သူနှင့်အတူတူရှိနေရင် သူသည် အရာရာကို ရင်ဆိုင်ရန်သတ္တိရှိပါသည်။ XiaoZhe နှစ်သက်မည်ဆိုရင် သူက မြို့ငယ်လေးမှာ သူတို့ရဲ့ နှစ်ယောက်တစ်ကမ္ဘာလေး တည်ထောင်ဖို့ စိတ်ကူးနေမိသည်။ သူသည် တွေးရင်းစိတ်လှုပ်ရှားလာပြီး ကားလီဗာကို ဖိနင်းလိုက်သည်။ သူ့ရဲ့ကားလေးက အဝေးပြေးလမ်းမပေါ်မှာ အရှိန်နှင့်ပြေးထွက်သွားသည်။
ထိုစဉ် မမျှော်လင့်ပဲ တဖက်ယာဉ်ကြောမှ သူ့ကားလေးဆီ ပြေးဝင်လာသော ထရပ်ကားကြီးတစ်စီး ကို သူ ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ အရာရာက နောက်ကျသွားခဲ့ပြီဖြစ်သည်။
ကျယ်လောင်သော ယာဉ်နှစ်စီးတိုက်မိသံနှင့်အတူ သူနောက်ဆုံးခံစားလိုက်ရတာက သူ့ကိုယ်ပေါ်မှ အလွန်ပြင်းထန်သောနာကျင်မှု~
YOU ARE READING
Fallen
Fanfiction"ကုန်းကျွင့်~ ကျေးဇူးပြုပြီး မင်း ငါ့ကို အမှန်အတိုင်းပြောစမ်းပါ၊ မင်းက ငါ့အပေါ်ကို ဘယ်လို ခံစားချက်မျိုးထားခဲ့တာလဲ၊ မင်းသိပါတယ် ငါက စိတ်မကောင်းဖြစ်လို့ သနားညှာတာပြီး အလျော်အစားပေးတာမျိုးကို မလိုချင်ပါဘူး" " XiaoZhe~ဒီမှာလာပြီး ကိုယ့်ရင်ခုန်သံကိုန...
