Part (16) Final

323 39 42
                                        

Unicode

စာညွှန်း

"ငါက ဆက်တိုက် ကျဆင်းနေခဲ့တာ မင်းငါ့ကို နောက်တကြိမ် ပြန်ပြီး ဆွဲတင်ခဲ့တဲ့ အထိပါပဲ"

အပိုင်း(၁၆)‌ ဇာတ်သိမ်းပိုင်း

"XiaoZhe~ ငါတို့ လက်ထပ်ကြရအောင်"

ကုန်းကျွင့်သည် ထိုခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားရင်း အောက်ပိုင်းက လှုပ်ရှားမှုကို မရပ်တန့်သေးပဲ စိတ်အားထက်သန်စွာ ပြောလာသည်။

ကျန်းကျယ်ဟန့်က လက်ချောင်းတွေပင် မလှုပ်နိုင်လောက်အောင် မောပန်းနေပုံရပြီး မျက်လုံးတွေကို မှိတ်ထားရင်း ခပ်တိုးတိုးပြောသည်။

"ကုန်းကျွင့်~အိပ်ရာထဲမှာ လက်ထပ်ခွင့်တောင်းတာ မျိုး မင်းကြားဖူးလား "

ကုန်းကျွင့်က သူ့ရဲ့ ခါးသွယ်သွယ်‌လေးကို ပွေ့ဖက်ထားရင်း သူ့ နားရွက်နားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"XiaoZhe!!! ငါ အတည်ပြောတာပါ၊ ငါတို့က ဒီမှာ လက်ထပ်လို့ လက်မှတ်မရနိုင်ပါဘူး၊ ဒါကြောင့်  ကပ်ရောဂါကြီး ပြီးသွားတဲ့အခါကျရင် နိုင်ငံခြားကို သွားပြီး လက်ထပ်ကြမယ် "

ယနေ့ခေတ် တရုတ်နိုင်ငံတွင် လိင်တူစုံတွဲများအတွက် လက်ထပ်စာချုပ်ကို မပြုလုပ်နိုင်ပါ။

သူတို့ နှစ်ဦးကြားတွင် ချစ်ခြင်းမေတ္တာက မည်မျှပင်ကြီးမားပါစေ တရားဝင် လက်ထပ်ကျမ်းသစ္စာကျိန်ဆိုမှုတစ်ခု ပြုလုပ်ရန်ထုံးစံမရှိပဲ ဥပဒေရှေ့မှောက်တွင် သူတို့နှစ်ဦးသည် သူစိမ်းများသာ ဖြစ်လိမ့်မည်။ 

ထို့ကြောင့် သူတို့နှစ်ဦးသည် နိုင်ငံခြားတွင် လက်ထပ်ကြမည်ဟု ကုန်းကျွင့်က သူ့ကို ပြောသောအခါတွင် သူတို့သည် တရားဝင်ဖြစ်သွားရန် ဆုံးဖြတ်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ကျန်းကျယ်ဟန့်က ပြန်မဖြေတာကိုတွေ့ရတော့ ကုန်းကျွင့်သည် ကုတင်အံဆွဲထဲက အိမ်ခြံမြေလက်မှတ်တစ်စောင်ကို ထုတ်လိုက်ပြီး ပြောလိုက်သည်။

"XiaoZhe~ ဒီနေရာကို မှတ်မိသေးလား?"

ကျန်းကျယ်ဟန့် က အိမ်ခြံမြေလက်မှတ်ကို ဖွင့်ကြည့်လိုက်တော့ ချစ်သူဘဝက သူတို့နှစ်ဦး နေထိုင်ခဲ့တဲ့ အိမ်လေးဆိုတာကို တွေ့လိုက်ရသည်။

FallenDonde viven las historias. Descúbrelo ahora