52

486 35 5
                                    

"ကောင်းပြီလေ ဧကရီကမှ လက်ခံတယ်ဆိုရင် အန်တီမြင့်အနေနဲ့ ဝင့်ဝါပေါ်မှာ ငြင်းစရာမရှိပါဘူးကွယ် ပိုလို့တောင်စိတ်ချပါသေးတယ်"

"ဟုတ်ကဲ့ပါအန်တီမြင့် အခုလိုနားလည်စွာခွင့်ပြုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်"

"ဝင့်ဝါ A ကိုသေချာစောင့်ရှောက်ပြီး ဂရုစိုက်သွားမယ်လို့ ကတိပေးပါတယ်"

"သမီးA ကတစ်ခါတရံ အလိုက်မသိတာလေးတွေ ဆိုးနွဲ့ချင်လေးတွေရှိတော့ အားနာရပြီဝင့်ဝါရယ်"

"ရပါတယ်အန်တီမြင့် A အကြောင်းကလည်းငယ်ကထဲက သိလာပြီးသားဆိုတော့ သမီးအတွက်သိပ်ပြသနာမရှိပါဘူး"

ဒီလိုနဲ့ ဝင့်ဝါနဲ့ဧကရီတို့ရဲ့ မဂ်လာပွဲကိုကျင်းပဖြစ်ခဲ့သည်။ နှစ်ဖက်လုံးရဲ့ မိဘအရှိန်အဝါတွေကြောင့်လားတော့မသိ မိန်းကလေးချင်းလက်ထပ်သည်ကို သိပ်တော့မမှုကြဘဲ ပျော်ရွှင်လိုလားစွာဘဲ ကောင်းချီးပေးလာကြသည်။

"ဟန်းနီးမွန်း ဘယ်နိုင်ငံတွေထွက်ချင်လဲ A"

"အင်း.... အဲ့လိုပြည်ပတော့ထူးထူးခြားခြားထွက်ချင်တာမရှိပါဘူး မဟုတ်တောင် အမြဲရောက်ဖြစ်နေတော့လေ A စိတ်ကူးအရ မိဘမဲ့ကလေးတွေနဲ့ ဘိုးဘွားဂေဟာ တွေမှာလှူရမလားလို့ မမရောဘယ်လိုလဲ"

"ကောင်းသားဘဲအကြံ A လှူချင်သလိုဘဲ လှူကြမယ်လေ ဂေဟာတွေ A ဘဲရွေးထားလိုက်ပါ"

မဂ်လာဦးအလှူအဖြစ် ဂေဟာအသီးသီးသို့သိန်း၅၀၀ ကျော်ဖိုး ခွဲစိတ်လှူတမ်းဖြစ်ခဲ့သည်။

ထမင်းစားခန်းမှ ဆူညံသံများကြားရ၍
ဝင့်ဝါအပေါ်ထ့်အလုပ်စားပွဲမှထကာ လာကြည့်ရတော့သည်။ မကြည့်လို့လည်းမရ A ရဲ့ဆူးဆူးဝါးဝါးအော်သံက်ိုကြားလိုက်မိသည်ကိုး။

"ဘာဖြစ်တာလဲ A"

"အယ် မမဝင့်ဝါ ဘာမှဖြစ် ... မဖြစ်ပါဘူးမမ"

"မဟုတ်သေးပါဘူး အပေါ်ထပ်အထိတောင်အသံကျယ်ကြီးကြားလိုက်ရတာကို"

"ဪ..... အဲ့တာ....ဟို ....ဟိုဟာ ထွေးထွေးလေ မမရဲ့ သူချော်လဲလို့ အဲ့တာ A လန့်ပြီးအော်မိတာပါ"

Koe Koe's BaeWhere stories live. Discover now