-1-

3.5K 382 61
                                    

~~တောင်တရုတ်ပင်လယ်ပြင်အတွင်း
ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာသောကြောင့်
မိုးသညါးထန်စွာရွာသွန်းနိုင်သလို နေရာကွက်ပြီး မိုးကြီး ၊ လေထန်နိုင်ပါသည်။
‌မိုးသက်လေပြင်းကျရောက်ချိန်အတွင်း~~

ကားရေဒီယိုကို ဖွင့်ထားမိခဲ့လို ထွက်ပေါ်လာခဲ့သောအသံများ။
မုန်တိုင်းသတိပေးချက်ဟု ကြေငြာလာပေမယ့် သူအသိထဲတွင် ဆူညံ့သံတခုသာသာ။
သူအတွေးတွေလွှင့်ပျံနေခဲ့မိသည်။

မိုးစက်ပေါက်ငယ်လေးတွေမှ တဆင့်
များပြားလာသောကြောင့်  အရှေ့မြင်ကွင်းကို
မသဲကွဲတော့ပေမယ့် သူကားကိုဆက်မောင်းနေဆဲ။

"ကျေးဇူးပြုပြီး!!!
ကျေးဇူပြုပြီး ငါကို
ထွက်သွားခွင့်ပြုပါတော့...."

"ဟင်အင်းး..မပြုနိုင်ဘူး
ကျတော်အသက်ရှင်နေသရွေ့
ဂျွန်ဂျောင်ကု ဆိုတဲ့ ခင်ဗျားက
ကျတော်အပိုင် ။
ကျတော်ခင်ပွန်းး...

ကားမှန်ကိုကြည်လင်အောင် ပြုလုပ်ခဲ့ပေမယ့်
သူအမြင်တွေဝေဝါးလာခဲ့သည်က ပါးပြင်ပေါ်လိမ့်ဆင်းလာသော ခံစားချက်ရဲ့ အစိတ်အပိုင်းတချို့ကြောင့်ပင်။

"ဒီစာချုပ်မှာ လက်မှတ်ထိုးပေး
ပြီးရင် မင်းလိုချင်တာအကုန်ယူသွားလိုက်.."

"ကျတော်လိုချင်တာ ခင်ဗျားကို!!
ခင်ဗျားဘေးနားမှာ ရှိနေခွင့်ရဖို့
အာတာကြောင့် စာချုပ်မှာလက်မှတ်ထိုးဖို့ဆိုတာ မဖြစ်နိုင်ဘူး~~ ကျတော်သေသွားရင်တောင်မှပေါ့~~

"ကင်မ်ဆော့ဂျင်!!!!;
မင်းဘယ်အချိန်ထိ ငါကို စိတ်ဒုက္ခပေးနေအုန်းမှာလဲ!!

"ဂျွန်!!"

"မခေါ်နဲ့~~ငါကို အလိုမခေါ်နဲ့
ကင်မ်ဆော့ဂျင်!!
အခုအချိန်ကစပြီးး ငါဆုတောင်းမယ်
ဘယ်လိုအယုံအကြည်မှမရှိတဲ့ငါက
မင်းငါအနားကအမြန်ထွက်သွားရအောင်!!
အမြန်ဆုံးလောကကြီးက ချုပ်ငြိမ်းသွားအောင်
နေတိုင်းဆုတောင်းမယ်!!

Don't darling me  Where stories live. Discover now