-12-

1.6K 300 74
                                    

ဒီနေ့ သူတို့ရဲ့ anniversary နေ့လေးမို့
အကိုတို့ကဖုန်းဆက်ကာ အကျိုးအကြောင်းမေးလာကျသည်။

အကိုထယ်ယောင်းရဲ့အမိန့်ကြောင့် အကိုဟိုဆော့ကလည်း အိမ်သို့လာမလည်ပေမယ့်
တပတ်တခါလောက်တော့ ဖုန်းခေါ်လာတက်ပါသည်။

ဒီအချိန်တွေမှာ သူဖြေမိတာကတော့
သူအရမ်းပျော်နေကြောင်းနဲါ ဂျွန်ကသူကို
ကောင်းကောင်းထားပြီး ဘယ်လောက်ချစ်
ကြောင်းဟုသည့် နှုတ်တိုက်ကျက်ထားမိသည့်စကားတွေပင်။

"အင်းပါ အကိုရဲ့ အခုဆို ဂျွန်ကထမင်းဟင်းချက်ဖို့ အဒေါ်ကြီးတယောက်ပါခေါ်ထားပေးသေးတာ!!

သူယခုလို
ဖုန်းဖြေနေခဲ့ချိန် ဂျွန်ပြန်ရောက်လာသည်။
အရင်နေ့တွေထက်အများကြီး စောနေခဲ့တဲ့
ဂျွန်ကြောင့် သူပျော်သွားမိရင်း ။

",ပြောရင်း ဂျွန်တောင် ပြန်ရောက်လာပြီ
ကျတော်တို့ anniversary ပွဲလေးကျင်းပလိုက်မှာမို့ ဒါပဲနော် အကိုတို့!!

ဖုန်းလေးကိုချကာ ဂျွန်ဆီပြေးသွားမိတော့ ဂျွန်က တယောက်ယောက်နဲ့ စာပို့နေတာကို တွေ့လိုက်ရသည်။

"ဂျွန်!!"

"......."

"ဂျွန် ဒီနေ့က~~"

ဂျွန်က လက်တဖက်ထဲနဲ့ဖုန်းစာရိုက်ရင်း
အကျီအိတ်ထဲက စက္ကူအိတ်လေး
တခုကမ်းပေးလာလို့ သူမျှော်လင့်တကြီးထုတ်ကြည့်မိအပြီး တုန်လှုပ်သွားမိသည်။

"ဂျွန်!!! အာတာ အာတာက !!!"

"မင်းစာမတက်ဘူးလား အာ့မှာရေးထားတယ်လေ ကွာရှင်းစာချုပ်လို!!"

"ဂျွန် !! ဒီနေ့က ကျတော်တို့ anniversary နေ့လေ အလိုနေ့ကို ဘယ်လိုလုပ်ပြီး

" ငါမင်းနဲ့ဘယ်လိုမှဆက်မနေနိုင်ဘူး ဆော့ဂျင်
ဒါကြောင့် ဒီလောက်နဲ့ပဲ လမ်းခွဲရအောင်
ငါကို လူဆိုးဖြစ်အောင် မလုပ်နဲ့တော့!!"

"လမ်းမခွဲပေးနိုင်ဘူး ဂျွန်
ကျတော် လုံးဝ မလုပ်နိုင်ဘူး !!

"ကင်မ်ဆော့ဂျင်!!!
မင်းဘာလို့ခေါင်းမာနေရတာလဲ ၊
ဘာလို့ အခြေအနေကိုနားမလည်နိုင်ရတာလဲ
ငါကမင်းကိုမချစ်သလို ၊ ဘာဂရုစိုက်မူမှပေးလာနိုင်မှာမဟုတ်ဘူး ~~ စိတ်အခက်မသင့်ရင် မင်းကိုနာကျင်အောင်ပါ ထပ်လုပ်လာနိုင်တာမို့ ~~~
အာ့လိုအခြေအနေတွေမရောက်လာခင်
မင်းကွာရှင်းစာချုပ်မှာလတ်မှတိထိုးလိုက်!!

Don't darling me  Where stories live. Discover now