-4-

2K 313 35
                                    

"ကိုယ်တို့လက်ထက်ရအောင်!!"

"အဟွတ်~~အဟွတ်~~"

သူစကားသံအဆုံး အချိုရည်ကိုပိုက်နဲ့စုပ်သောက်နေတဲ့ကောင်လေး သီးသွားခဲ့ရင်း
ချောင်းတွေပါတဟွတ်ဟွတ်ဆိုးလာခဲ့သည်။

"အဆင်ပြေရဲ့လား ဆော့ဂျင်?"

ခေါင်းသာငြိမ့်ပြလာတဲ့ကောင်လေးနဲ့
မျက်နှာချင်းဆိုင်ထိုင်နေရာမှာ ဘေးတဖက်သို့ ပြောင်းရွေ့ထိုင်လိုက်ရင်း
တစ်ရူးတရွက်ကို ထိုကောင်လေးလက်ထဲထည်ကာ ကျန်တရွက်ဖြင့်
စားပွဲခုံပေါ်မှာ ပေကျံသွားတဲ့ အအေးစက်တွေကိုသုတ်‌ေနလိုက်သည်။

"ဘာလို့အလောက်တောင် လန့်သွားရတာလဲ
ဆော့ဂျင်~~ ကိုယ်နဲ့လက်ထက်ဖို့ထိ
မရည်ရွယ်ထားလိုများလား!!"

"မ~~မ ဟုတ်ပါဘူး အကိုရယ်
ကျတော်မှာ အကိုပဲရှိတာ~
အကိုမဟုတ်လို တခြားဘယ်သူကို ရည်ရွယ်ထားရမှာလဲ?
အခုက ရုတ်တရက်ကြီးကြားလိုက်ရတော့
ပြီးတော့ ကျတော်တို့ တွဲတာ ၃လတောင်မပြည့်သေး~~"

သူ့ထိုကောင်လေးရဲ့ လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ကာ မျက်ဝန်းတွေနဲ့ အကြည့်ခြင်းဆုံလိုက်သည်။

ကြည်လင်တောက်ပနေတဲ့ မျက်ဝန်းတွေက
သူဆိုးချင်တဲ့ အရောင်အတိုင်း ထပ်တူကျနိုင်လို သဘောကျမိသွားသည်။

"ကိုယ်မင်းကိုသဘောကျသွားတဲ့ထဲ
အချိန်အကန့်အသတ်မရှိခဲ့ဘူး ဆော့ဂျင်
တိုတောင်းတဲ့အချိန်ကာလအတွင်းမှာဘဲ
မင်းကို မြတ်မြတ်နိုးနိုး ချစ်သွားခဲ့တာမို့
မင်းကို ကိုယ်အပိုင်ဖြစ်စေချင်မိသွားတယ် "

သူ့စကားတောင်ဆုံးအောင်မပြောရသေး
သူ့ခါးကို သိုင်းဖက်လာရင်း ရင်ခွင်ထဲတိုးဝင်လာတဲ့ ကောင်လေးကြောင့် သဘောတကျပြုံးလိုက်မိသည်။

"ဟင်!! မျက်ရည်တွေ!"

သူရင်ဘတ်က စိုစွတ်သွားတဲ့ အထိအတွေ့ကြောင့် ကောင်လေးရဲ့ မျက်နှာကိုဆွဲမော့စေလိုက်တော့ မျက်ရည်စ တွေဖြင့်။

Don't darling me  Where stories live. Discover now