-22-

1.9K 333 26
                                    

မျက်လုံးကိုစုံမှိတ်ပြီး ဟိုဘက်လှည့်လိုက် ၊
ဒီဘက်လှည့်လိုက်ဖြင့်
အိပ်ပျော်အောင်ကြိုးစားနေပေမယ့်
ဘယ်လိုမှမရ။

အမှောင်ကိုကြောက်သည်က တမျိုး။

ရင်တွေမတရားခုန်နေသည်က တမျိုး။
သူကိုအိပ်မရအောင် နှိပ်စပ်နေသည်။

"ဂျန်းဝူဂျင် ရူးနေလား!!
ဘာလို့ ရင်တွေခုန်နေရတာလဲ?

အနမ်းခံလိုက်ရလို့များလား?

သူဠေးက ငါကိုနမ်းတာမှမဟုတ်တာ
ကင်မ်ဆော့ဂျငိအထင်နဲ့ နမ်းခဲ့တာကိုးး
ဘာလို့ငါက ရင်တွေခုန်~~

ဟင် ကင်မ်ဆော့ဂျင်?"

ဟိုလှိမ့်ဒီလှိမိ့လုပ်နေရင်းက သူအတွေးထဲဝင်လာသည်က *ကင်မ်ဆော့ဂျင်*
သူအခု ကင်မ်ဆော့ဂျင်ကုတင်ပေါ်မှာအိပ်ပြီး
ကင်မ်ဆော့ဂျင်ခင်ပွန်းရဲ့အနမ်းကြောင့်
ရင်ခုန်နေတာမဟုတ်လား?

အခန်းကလည်းမှောင်နေသည်မိုါ သူကြောက်စိတ်တွေဝင်လာကာ ကုတင်ပေါ်မှာ ဆက်မအိပ်နိုင်တော့။
ပက်လက်လှန်အိပ်ရင် သူအပေါ် ထပ်ဖိလာမလား?
တဖက်လှည့်အိပ်ရင် လည်း
နောက်ကျောပေးထားသည့်ဘက်မှာ ရောက်လာမလား?

သို့ပေမယ့်လည်း ကုတင်ပေါ်ကလည်း
မဆင်းရဲ။
ကုတင်အောက်ကထွက်ပြီးဆွဲလာမှာကြောက်သည်။

"အဟင့် အဘွားးး!!!

ဒါကြောင့်ကုတင်ပေါ်မှာ ဒူးလေးထောင်ရင်း ကွေးကွေးလေးနေနေမိပြီး တအီအီဖြင့် ငိုနေမိတော့သည်။
ဒီအချိန်အခန်းအရှေ့ ခြေသံသဲ့သဲ့ကြားလိုက်ရလို ပိုလန့်လာမိတော့သည်။

"အဟင့် အဟင့် ~~ အဘွားရေ!!

ဘာမှမမြင်ရသည်အထိ မှောင်မဲနေပေမယ့်
အခန်းတံခါးရှိရာကို ဦးတည်ကာ ကြည့်နေမိတုန်း
တံခါးဖွင့်သံကြားလိုက်ရတာကြောင့် စောင်ကိုခေါင်းမြုံးခြုံလိုက်မိသည်။

"ဂျင်!! ဂျင် ဘာဖြစ်လို့လဲ!!"

တခန်းလုံးလင်းထိန်သွားသလို ဆောင်ခြုံထဲက သူကိုယ်ကို ဆွဲထုတ်လာသူက သူဠေးဖြစ်နေတာကြောင့် သူပိုငိုမိတော့သည်။

Don't darling me  Where stories live. Discover now